ထျန်းချိနိုင်ငံ...
ထျန်းချိမှာ ကျွန်းများနှင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပြီး အကြီးဆုံးကျွန်းမှာ လင်ကျိုးဟု ခေါ်သည်..။ လင်ကျိုးက ထျန်းချိ၏ မြို့တော်လဲဖြစ် စီးပွားရေးအချက်အချာမြို့လဲ ဖြစ်သည်..။
ယခုက လူ့လောကတွင် နွေရာသီ..။ လင်ကျိုး၏ သုံးဘက်သုံးတန်ကို ပင်လယ်က ၀ိုင်းရံထားပြီး ကျန်တဖက်မှာ ကုန်းတွင်းပိုင်းနှင့် ဆက်သပ်နေသည်..။ ရာသီဥတုကပူသည်..။ လမ်းမကြီးနှင့် လမ်းသွယ်များတွင် ရွှေရောင်၊ အနီရောင်ရှိသော အဆောက်အဦးလှလှများ ပြည့်နှက်နေသည်..။ တိုင်းသူပြည်သားများက ပေါ့ပါးသော နွေ၀တ်စုံများကို ၀တ်ဆင်ကြသည်..။ ၀တ်စုံများမှာ နောက်ဆုံးပေါ် အရောင်ဒီဇိုင်းနှင့်..။
ဒါက ပိုင်ယောင့်အတွက် ပထမဆုံးအကြိမ် သေမျိုးလောကသို့ သွားရောက်ရမည့် အခွင့်အရေး..။ ယခင်က သေမျိုးလောကအကြောင်းကို စာအုပ်များနှင့် အခြားနတ်ဘုရားများ ပြောပြသည်ကိုသာ ဖတ်ဖူးကြားဖူးသည်..။ ထို့ကြောင့် သူ၏သခင် ရှစ်ယင် လူ့လောကသို့ ဆင်းသက်ရမည်ဆိုသည်နှင့် ပိုင်ယောင်က ဖူးယောင်နေသောမျက်နှာ.. ညိုမည်းနေသော နှာခေါင်းနှင့် လိုက်ပါရစေကြောင်းခွင့်တောင်းသည်..။
ရှစ်ယင်လည်း မတတ်နိုင်..။ သမားတော်ကိုသာ ဆက်သောက်ရမည့်ဆေးများ ညွှန်ကြားခိုင်းပြီး ခေါ်လာခဲ့ရတော့သည်..။
ဒီနေ့က ရှစ်ယင် ထျန်းချနိုင်ငံရောက်တာ တတိယမြောက်နေ့..။ ဒီနိုင်ငံက သယံဇာတကြွယ်၀ပြီး လူနေမှုအဆင့်အတန်း မြင့်မားသည်..။ ကံကြမ္မာ စာအုပ်အရ ၀မ်ရိပေါ်က ဒီဘ၀မှာ မင်းကောင်းမင်းမြတ်တပါး ဖြစ်လာရမည်ဖြစ်သည်..။
ဒီဘ၀မှာ သူက လျိုမိဘုရားခေါင်ကြီး၏ အကြီးဆုံးသား..။ ငယ်ငယ်ကတည်းက ဥာဏ်ပညာထက်မြက်ပြီး တည်ငြိမ်အေးဆေးသည်..။ ၁၃နှစ်အရွယ်မှာ အိမ်ရှေ့စံဖြစ်ပြီး ၂၂နှစ်မှာ ဘုရင်ဖြစ်သည်..။ တိုင်းသူပြည်သားတိုင်းက သူ့ကို လေးစားချစ်ခင်ကြသည်..။
ပိုင်ယောင်က စစ်နတ်ဘုရား၏ ကံကြမ္မာ စာအုပ်ကို ချောင်းကြည့်ရင်း စုတ်သပ်သည်..။ " ကောင်းကင်မင်းကြီးကလည်း မျက်နှာလိုက်လိုက်တာ.. တခြားနတ်ဘုရား နတ်ဘုရားမတွေ ကောင်းကင်ဘုံစမ်းသပ်ချက် ခံယူမယ်ဆို ဒုက္ခမျိုးစုံ ရောက်ကြတယ်.. မအောင်မြင်ခင်ထိ မတရားမှု အမျိုးမျိုး ခံစားရတယ်.. စစ်နတ်ဘုရားကျ အေးဆေးပဲ.. လူ့ပြည်ကို အပန်းဖြေခရီးထွက်တာနဲ့တောင် တူသေး"
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...