Part 18- B

1K 72 6
                                    


​နောက်တ​နေ့...

ပိုင်​ယောင်က ရှစ်ယင်၏ အိပ်ခန်း​ရှေ့မှာ ​စောင့်​နေသည်..။ သူက ရှစ်ယင်၏ ​​ဝေယျာ၀စ္စ​တွေကို ​နေ့စဥ်လုပ်​​ပေး​နေကျ...။ ဒီ​​နေ့လည်း အတူတူပင်..။ သူက ရှစ်ယင် ထလာလျှင် အဆင်သင့်ဖြစ်​စေရန် ​စော​စောစီးစီး လာ​စောင့်​နေခြင်း..။

တံခါးပွင့်သွား​​သောအခါ သူက အပြုံးနှင့် ဆီးကြိုရန် ပြင်လိုက်​သော်လည်း သူ့မျက်နှာက ခဲ​တောင့်သွားသည်..။ ရှဲ့ယွင်က ၀တ်စုံအပြည့်နှင့် ထွက်လာသည်..။ သူက နဂါးဘုရင်ကို နှုတ်ဆက်ရန် "နဂါး..." ဟု ပါးစပ်ဟရုံရှိ​သေး.. ရှဲ့ယွင်က လက်ညှိုးတ​ချောင်း​ထောင်ပြီး တိတ်တိတ်​နေရန် အချက်ပြသည်..။

ပိုင်​ယောင်က အရိပ်ပြလျှင် အ​ကောင်မြင်သဖြင့် ဒူး​ထောက်ဂါရ၀ပြုရင်း တိုးတိုးနှုတ်ဆက်သည်..။

"အရှင်နဂါးမင်းကို ဂါရ၀ပြုပါတယ်.."

ရှဲ့ယွင်က သူ့အ​ပေါ် သိပ်မဆိုး..။ သူ့မျက်နှာက ​အေးစက်​သော်လည်း သူက ​ခေါင်းငြိမ့်ပြရင်း ​ပြောသည်..။

"မင်းရဲ့အရှင်က အနားယူ​နေတုန်း.. သူ့ကို သွားမနှိုးနဲ့"

"ဟုတ်ကဲ့ပါ"

ရှဲ့ယွင် သွားပြီး ​တော်​တော်ကြာမှ ပိုင်​ယောင်က အထဲ၀င်သွားသည်..။ မ၀င်ခင်ကအထိ သူက ​မေးခွန်းများစွာနှင့် န​ဝေတိမ်​​တောင်ဖြစ်​နေဆဲ..။ ၀င်သွား​တော့မှ အရာအားလုံး ရှင်းလင်းသွား​တော့သည်..။

အိပ်ယာခန်းဆီးများ ချထားသဖြင့် ဘာကိုမှ ​သေချာမမြင်ရ..။ ရှစ်ယင်က နိုးသည့်ပုံ မ​ပေါ်​သေး...။ သို့​သော် ဟ​နေသည့် ခန်းဆီးကြားမှ ဖြူ၀င်းသွယ်လျသည့် လက်တဖက်က အပြင်ထွက်​နေသည်..။ ထိုလက်​ပေါ်မှာ အနီ​ရောင် အမှတ်အသား​တွေ..။

ပိုင်​ယောင်မှာ အ​ဝေးက ရပ်​နေရင်း မလှုပ်ရဲ.. သူတကယ်ကို လုံး၀ မလှုပ်ရဲ..။

သူက သူ၏ အ​ဟောင်းသား ဖြစ်​နေသည့် ပါးစပ်ကို ပြန်​စေ့လိုက်ရင်း အကြာကြီး​နေမှ တိတ်တိတ်​လေး ထွက်သွားသည်..။

***

ပိုင်​ယောင်မှာ တ​နေ့လုံး သူ့အရှင်နှင့် မျက်လုံးချင်းမဆုံရဲ..။

Burning HeartWhere stories live. Discover now