Part 23

872 66 4
                                    

ရှစ်ယင်က ​ပြောပြီးသည်နှင့် သူကိုယ်တိုင် တိတ်ဆိတ်သွားသည်..။ နာနတ်ရွက်​သေရည်၏ အရသာက သူ့လျှာဖျားမှာ ထင်ကျန်​နေဆဲ..။ ဤသို့ အာရုံအစစ်အမှန်ကပင် ပုံရိပ်​ယောင် ဖြစ်​နေသည်ဆိုလျှင်... အရမ်းစွမ်းအားကြီးလို့သာ ဒီလို လှည့်စားမှုမျိုး လုပ်နိုင်တာ​ပေါ့..။ ဒီ​လောက်များတဲ့ နတ်ဘုရား​တွေကို​လေ..။

ဒီအ​တွေးက သူ့ကို ​ကျောချမ်းသွား​စေသည်..။

​ကောင်းကင်ဘုံ ဒါမှမဟုတ် သူ့ဆီလာမယ်ဆိုရင် သူ​တောင် အသက်ရှင်ပါ့မလား..

၀မ်ရိ​ပေါ်က တည်တည်ငြိမိငြိမ်ပင်..။ သူက လူငယ်ကို လက်တဖက်ဖြင့် ချုပ်ထားဆဲ..။ ရှစ်ယင်က သူ့ကို လွှတ်​ပေးရန် အချက်ပြလိုက်သည်..။ ​ရေသူမျိုးနွယ်လူငယ်က ချက်ချင်းလွတ်သွားသည်နှင့် ရှစ်ယင်​ရှေ့မှာ ဒူး​ထောက်လိုက်သည်..။

"နန်း​ဆောင်သခင်... ၀ူး..၀ူး... ဒီ​နေရာ... ဒီ​နေရာက အတုအ​ယောင်ပဲ.. ၀င်ပြီးတာနဲ့ ပြန်မထွက်နိုင်​တော့ဘူး.. ကျွန်​တော်.."

ရှစ်ယင်က ဖြတ်​မေးလိုက်သည်..။ "မင်းနာမည်က.."

"၀ူး.. ကျွန်​တော်.. ကျွန်​တော့်မှာ နာမည်မရှိဘူး.. ဒီကလူ​တွေ.. လူတိုင်းက ကျွန်​တော့်ကို ​မော့​ရှောင်ကျိုလို့ ​ခေါ်တယ်"

"​ရှောင်ကျို.. ငါ့ကို အရင် ​ပြောပြပါဦး.. မင်းသားသုံးက ဒီကို ဘယ်အချိန်က လာသွားတာလဲ"

​မော့​ရှောင်ကျိုက အတိတ်အ​ကြောင်း ပြန်​တွေးမိ​တော့ ထိန်းချုပ်မ​ရ​အောင် တုန်ယင်လျက် ဆို့နင့်​နေသည်..။ "လွန်ခဲ့တဲ့ တနှစ်​လောက်ကပါ.. ချန်း၀မ်မှာ​နေတဲ့ ​ရေသူဘိုး​ဘေး​တွေက အရင်က ပုကျိုး​တောင်မှာ ​နေခဲ့တာ.. ​ပြောကြတာ​တော့ သူတို့က ကပ်​ဘေးဆိုက်လို့ ​ပြောင်းလာတာလို့ ​ပြောတယ်.. လူကြီးသူမ​တွေ​ပြောတာ​တော့ ချန်း၀မ်က ​ရေသူ​တွေက မျိုးရိုးစဥ်ဆက် ​မှော်လက်နက် တခုကို ​စောင့်​ရှောက်​နေတာတဲ့.. မင်းသားသုံး ဒီကို လာတာ အဲ့လက်နက်ကို လိုချင်လို့"

ရှစ်ယင်က ဘယ်လို လက်နက်မျိုးလဲဟု ​မေးမည်ပြင်စဥ် ၀မ်ရိ​ပေါ်က ​ပြောလိုက်သည်..။ "ဖူရှီး ကြေးမုံ"

Burning HeartWhere stories live. Discover now