နဂါးတောင်ကြားက ရှီးဟိုင်နှင့်နီးတော့ လေထုထဲမှာ ပင်လယ်ရေငွေ့ရနံ့ ပါနေသည်..။ ကောင်းကင်ဘုံမှ သစ်ပင်ပန်းမာန်တို့၏ ရနံ့မျိုးနှင့်မတူ.. ။ သူက ကမ္ဘာမြေပြင်နှင့် ပိုနီးစပ်သည့် ရနံ့မျိုး..။
မိုးလေးတဖြိုက်ရွာပြီးကာစ ဖြစ်သဖြင့် လေထုက စိုထိုင်းနေဆဲ..။ တကယ်တော့ ထျန်းချိနိုင်ငံမှ နွေရာသီမှာ ရှစ်ယင်အတွက် သိပ်မကြာသေးသော်လည်း တွက်ကြည့်လျှင် နှစ်ပေါင်းများစွာ လွန်ခဲ့ပြီ..။ နှစ်ပေါင်းကြာမြင့်လွန်းလို့ သေမျိုးသက်တမ်းကိုတောင် လွန်မြောက်ပြီး ၀မ်ရိပေါ်ပင် စစ်နတ်ဘုရား ပြန်ဖြစ်လာပြီ..။ ရှစ်ယင်က ရှေ့မတိုးပဲ သူအတန်ကြာရပ်နေသော ထီးအောက်မှာပင် ဆက်ရပ်နေမိသည်..။
၀မ်ရိပေါ်က သူ့ဆီလျှောက်လာပြီး အကြည့်တို့က သူ့မျက်ခုံးကြားမှ အနီရောင်အမှတ်ဆီ ကျရောက်သွားသည်..။ သူ့အမူအရာက မပြောင်းလဲ ခပ်တည်တည်ပင် ဖြစ်သော်လည်း သူက ရှစ်ယင်ကို မေးမြန်းလာသည်..။
"နဂါးမျိုးနွယ်ရဲ့ တတိယမင်းသားက မင်းကို အနိုင်ကျင့်သေးလား"
ရှစ်ယင်က ရုတ်တရက် ဘာပြောရမှန်းမသိ..။ ၀မ်ရိပေါ်က သူ့ကို ဤသို့မေးလိမ့်မည်ဟု မထင်..။
"ကျွန်တော်နဲ့ နဂါးမင်းသားနဲ့ ဘာမှမဆိုင်ပါဘူး"
"ကိုယ် သိပါတယ်"
၀မ်ရိပေါ်က ခေတ္တတိတ်သွားပြီးတော့မှ ဆက်ပြောသည်...။
"ကောင်းကင်မင်းကြီးက ကိုယ့်ကို နဂါးနန်းတော်ဆီ အရေးပေါ်ဆင့်ခေါ်လိုက်တာ.. ဘာတွေဖြစ်သွားလဲဆိုတာ ကိုယ်သိပြီးပါပြီ.. မင်းသားသုံးက မင်းကို ထိခိုက်အောင် လုပ်သွားတယ်မလား"
သူ့လေသံကို နားထောင်ရသည်မှာ တကယ်သိချင်၍ မေးနေသည်နှင့်မတူ..။ ရှစ်ယင်က တိုက်ရိုက်ပြန်မဖြေသော်လည်း သူက ဓါးကိုကိုင်ရင်း မျက်နှာကို မော့လိုက်သည်..။ သူ့မျက်လုံးများထဲတွင် အရိပ်တချို့ ဖြတ်ပြေးသွားသည်..။
အားလုံးအဆင်ပြေသွားမှာပါ.. ကိုယ်ရှိတယ်ဟု ပြောနေသယောင်..။
KAMU SEDANG MEMBACA
Burning Heart
Fiksi Penggemarကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...