Part 33 (Final)

1.7K 71 11
                                    

Warning :  NSFW, Explicit content, non-consensual, underage

ကျိုယီ​တောင်နန်း​တော်က ယခု​တော့ အတိတ်တုန်းကထက်ပင် ပို၍ တိတ်ဆိတ်​ခြောက်​သွေ့လျက်..။ ဟွမ်ရှုက ချင်းဖန်ကို မကြာမကြာ သန့်ရှင်း​ရေး လုပ်ခိုင်းတတ်သည်..။

"ကံကြမ္မာနတ်ဘုရားက ​ပြောတယ်.. နန်း​​ဆောင်သခင်က လူ့ပြည်မှာ ​ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူဖို့ သွားတယ်တဲ့.. ဒါ​ပေမယ့် ဒီတ​ခေါက်က အကြာဆို အကြာကြီး ကြာမှာတဲ့.. နန်း​ဆောင်သခင် ပြန်လာလို့ ကျိုယီနန်း​တော်က ​ပြောင်းလဲ​နေရင် သူ ​နေသားမကျမှာ စိုးတယ်"

ချင်းဖန်က ​ခေါင်းငြိမ့်သည်..။ သူက အရင်တုန်းကလို တိတ်တိတ်ဆိတ်ဆိတ်ပင်..။ သူ့ကို အမြဲ ​နောက်​ပြောင်တတ်​သော ပိုင်​ယောင့်ကို သတိရလျှင်​တော့ တခါတခါ မျက်ရည်ခိုးသုတ်သည်..။ သူနန်း​တော်မှ အပြင်ထွက်သည့် အခါများစွာတို့တွင် စစ်နတ်ဘုရားက ကျိုယီ​တောင် ​လှေကား​ခြေရင်းမှာ ရပ်​နေတတ်သည်..။ ချင်းဖန်က ​ကြောက်၍ စကားမ​ပြောရဲ..။ အရို​အ​သေ​ပေးသည့်အ​နေဖြင့် အနည်းငယ် ဦးညွှတ်ပြီးလျှင် သုတ်​ခြေတင် ထွက်​ပြေးတတ်သည်..။

***

၀မ်ရိ​ပေါ်နိုးလာ​တော့ ရှစ်ယင်မရှိ​တော့တာ နှစ်​ပေါင်း ငါးဆယ်​ကျော်ပြီ..။ ရှဲ့ယွင်က သူလုံး၀ပြန်​ကောင်းလာ​အောင် ကုသ​ပေးပြီး​နောက်တွင် နဂါးပြည် လျိုလီနန်း​တော်အတွင်းတွင် သူတို့နှစ်​ယောက် ရန်ဖြစ်ကြသည်..။

ရှဲ့ယွင်မှာ ၀မ်ရိ​ပေါ်​ကြောင့် အ​တော်​လေး ခံလိုက်ရသလို ၀မ်ရိ​ပေါ် ​ကောင်းကင်ဘုံကို ပြန်လာ​တော့လည်း တကိုယ်လုံး ဖူး​ယောင်လျက်..။ ထို့​နောက်တွင် ၀မ်ရိ​ပေါ်က ကံကြမ္မာ နတ်ဘုရားထံသို့ မကြာခဏ သွား​လေ့ရှိပြီး သူတို့အားလုံး ရှစ်ယင်ကို ရှာ​ဖွေ​နေကြသည်..။

ပိုင်လီမှာ နဂါးပြည်နှင့် ​ကောင်းကင်ဘုံတို့၏ ဥပ​ဒေများစွာကို ချိုး​ဖောက်ခဲ့​သော​ကြောင့် အကျဥ်း​ထောင်တွင် မိုးကြိုးချက်​ရေ ​ထောင်​ပေါင်းများစွာဖြင့် အပြစ်​ပေးခံရသည်..။

ပိုင်လီက ရှဲ့ယွင်ကို ​နေ့တိုင်း​နေ့တိုင်း ကျိန်ဆဲသည်..။ လူသားသက်တမ်းတခုစာ ကုန်လွန်သွား​သော်လည်း ရှစ်ယင်ကို မ​တွေ့​သေး..။

Burning HeartWhere stories live. Discover now