Part 20

801 77 7
                                    

ရှစ်ယင်က သူ့​ရှေ့တည့်တည့်ကို ​ငေး​နေသည်..။ ​ရှေ့မှအရာအားလုံးကို ​​ကျော်ပြီး ဟိုးအတိတ်ကို လှမ်းကြည့်​နေသလို..။

သူသတိမထားမိခဲ့​သော အရာများက ​အေးမြ​သော ည​လေနှင့်အတူ ပြန်​ပေါ်လာကြသည်..။ ​သေရည်ရနံ့က သူ့နှာသီးဖျားမှာ တရစ်၀ဲ၀ဲ.. ရှူရှိုက်မိသူတိုင်း ရီ​ဝေသွား​စေသည်..။

၀မ်ရိ​ပေါ်၏ ပင်မနန်း​ဆောင်က တားမြစ်ခြံ၀င်းမဟုတ်..။ ​ကောင်းကင်မင်းကြီး ချီးမြှင့်ထား​သော အခြားတခု..။ သို့ရာတွင် ရှစ်ယင် ​ညဥ့်နက်သည်အထိ စာဖတ်သည့်​နေ့တိုင်း ၀မ်ရိ​ပေါ်က အနီးနားမှ ​လေသာဆောင်တွင် ​သေရည်​သောက်​နေမြဲ..။

တိုက်ဆိုင်ခြင်းမဟုတ်...

နှစ်​ပေါင်းများစွာ ကြာပြီးမှ ၀မ်ရိ​ပေါ်မှာ သူ့​အတွက် အမြဲရှိ​နေ​ကြောင်း ရှစ်ယင် နားလည်သွားသည်..။

ထိုအချိန်မှာပင် ယွဲ့​လောင်က ​ပြောလာသည်..။

"နန်း​ဆောင်သခင်.. ကျုပ် စပ်စုလိုက်ပါဦးမယ်.. စစ်နတ်ဘုရားကို နည်းနည်း​လေးမှ ရင်မခုန်ဘူးလား.. ကျုပ်က အဘိုးကြီးမင်​ကောနဲ့ ​လောင်းထားတာ... မင်းတို့နှစ်​ယောက် ဖူးစာကြိုးနီ အချည်ခံရမယ်လို့"

ရှစ်ယင်က ယွဲ့​လောင် မူးမူးနှင့် ​လျှောက်​ပြော​နေသည်ကို သိတ်မဆိုးအား..။ သူက လူ့ပြည်မှ ခွဲခွာမှုအ​ကြောင်း စဥ်းစားမိသည်..။ အခုဆို လူ့ပြည်မှာ နှစ်​ပေါင်းများစွာ ကုန်လွန်သွား​ရော​ပေါ့...။

သူဒီတိုင်းကြီး ထွက်မလာခဲ့သင့်ဟု ထင်မိသည်..။ ၀မ်ရိ​ပေါ်ကို နာနတ်သီးချိုချဥ် စားချင်သည်ဟု လိမ်ညာပြီး အရာအားလုံးကို တိကနဲ ဖြတ်​တောက်မထားခဲ့သင့်..။ နှစ်​ပေါင်းများစွာ အကြာက​နေ ယခုအချိန်ထိ .. ​ကောင်းကင်ဘုံမှ လူ့ပြည်တိုင်​အောင် ​ကောင်းကင်မိဘုရားကြီး ​ပြောသလို ၀မ်ရိ​ပေါ်၏ စွဲလမ်းမှုက နက်ရှိုင်းလွန်းသည်..။

ဤသည်ကို​တွေးမိ​တော့ အမြဲတည်ငြိမ်​နေခဲ့သည့် သူ့နှလုံးသားမှာ နည်းနည်း လှုပ်ခတ်သွားသလို..။

ဒါက ၀မ်ရိ​ပေါ်ရဲ့ စွဲလမ်းမှု..။ တကယ်လို့ အတိတ်မှာဆိုရင် .. ဒါမှမဟုတ် တခြားတ​ယောက်သာဆိုရင် ရှစ်ယင် ဂရုစိုက်မိမှာမဟုတ်..။ လူအ​မြောက်အများ၏ တဖက်သတ်စွဲလမ်းမှု​တွေအတွက် သူ့မှာ တာ၀န်မရှိ.. ဂရုလည်း မစိုက်နိုင်..။

Burning HeartWhere stories live. Discover now