လှည်းက တချက်ဆောင့်သွားစဥ် ၀မ်ရိပေါ်က မေးလိုက်သည်..။
"ကိုယ်ပြောတဲ့ ဘိုးဘေးကို မင်းမှတ်မိလား"
ရှစ်ယင်က ခေါင်းယမ်းလိုက်သည်..။
"ကျွန်တော် လူ့ဘ၀မှာတုန်းက အဲ့ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်မယ်"
"စာအုပ်ကို ရေးတဲ့ ဘိုးဘေးက သူသေသာသွားတယ်.. အဲ့ဒီ အဖြူရောင်၀တ်စုံနဲ့ သူတော်စင်ကို မမေ့ဘူး.. သူ့အတွက်တော့ မေ့မရတဲ့ အတိတ်ပဲ"
ရှစ်ယင်၏ နှလုံးသားက အေးခဲသွားသည်..။ သူ ဘယ်အရာကိုမှ ကောင်းကောင်း မမှတ်မိ..။ သူ့အတွက်တော့ များစွာသော လူတို့မှာ လမ်းပေါ်က ဖြတ်သွားဖြတ်လာတွေလို..။ သို့ရာတွင် အမှတ်တမဲ့ ပြုလုပ်လိုက်သော အပြုအမူတခု ၊ လမ်းကြုံပေးလိုက်သော အကူအညီတခုတို့သည်လည်း မျိုးဆက်တဆက်ပြီး တဆက်တိုင်အောင် စွဲထင်ကျန်စေခဲ့သည်ပင်..။
သူက လျှိုရှန်းယွိနှင့် ဆုံခဲ့သော နေ့ကို ပြန်စဥ်းစားမိသည်..။ ကြီးမားလှသော သူ့ပုံတူရုပ်ထုအောက်တွင် ငိုကြွေးလျက် မျက်လုံးဖွင့်ကြည့်လှည့်ပါ သူ့ကို ကိုးကွယ်တဲ့ ကမ္ဘာကို ငဲ့ကြည့်လှည့်ပါဟု တောင်းပန်နေသူ..။ ရှစ်ယင် နှလုံးသားထဲတွင် ရှက်ရွံ့မှုတို့ကို ခံစားလိုက်ရသည်..။
၀မ်ရိပေါ်က သူမူမမှန်တာကို သတိထားမိသွားသည်..။
"ရှစ်ယင်.. ဘာတွေစဥ်းစားနေတာလဲ"
"ကျွန်တော် ဘာ့ကြောင့်လဲဆိုတာ နားမလည်နိုင်ဘူး"
သူက ဒီ့ထက်ပိုမရှင်းပြ.. သို့သော် ၀မ်ရိပေါ်က နားလည်ပုံရသည်..။ သူပြန်မေးသောအခါ သူ့အသံက နက်ရှိုင်းလျက်..။ ရှစ်ယင်အနေဖြင့် ကောင်းကင်ဘုံ၏ နာမည်ကျော်ကြားသော စစ်နတ်ဘုရားထံမှ တနေ့ ဒီလို မေးခံရမည်ဟု မမျှော်လင့်ဖူး..။
"လူတွေ မင်းကို ဘာကြောင့် ချစ်ကြ မြတ်နိုးကြ ကိုးကွယ်ကြသလဲဆိုတာ နားမလည်နိုင်တာလား"
၀မ်ရိပေါ်၏ အမူအရာမှာ အရင်အတိုင်း အေးစက်စက်..။ သို့ရာတွင် သူ့မျက်၀န်းများမှာ ရေခဲစိုင်တို့ အရည်ပျော်လာသလို..။ ရှစ်ယင်ကို ကြည့်နေပုံမှာ နှင်းကန္တာရထဲမှ ပျောက်ဆုံးနေသော ရေပူစမ်းကလေးလို..။ သူ၏ အေးခဲနေသော နှလုံးသားထဲမှာ ရှစ်ယင်သည်သာ တခုထဲသော အနွေးဓါတ်ကလေးလို..။
ESTÁS LEYENDO
Burning Heart
Fanficကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...