Part 19

847 70 6
                                    

ဓါးရှည်က အသားထဲ​ စိုက်၀င်​နေပြီး ​သွေးများက ​ရေလို တသွင်သွင်စီးလျက်..။ နှလုံးသားတည့်တည့်ကို ဓါးနှင့် စိုက်ခံထားရသည့်တိုင် ထိုနှလုံးက ဖြည်းဖြည်းမှန်မှန် ခုန်​နေဆဲ..။

ပိုင်လီက တကယ်ပဲ အသက်ပြင်းလှသည်..။

ပိုင်လီ့ကို သတ်ဖို့ရန် ခက်ခဲမှန်း ရှစ်ယင်သိသည်..။ သို့ရာတွင် ယခုချိန် သူဘာကိုမှ မ​တွေးနိုင်..။ ရှိသမျှစွမ်းအားအကုန်ကို ဓါးကို ဆုပ်ကိုင်ထားသည့်လက်ထဲ ပို့လိုက်သည်..။ ပိုင်လီ့နှုတ်ခမ်း​ထောင့်မှ ​သွေးတပွက်အန်လိုက်သည်..။

သို့​သော် ပိုင်လီက မ​ရှောင်..။ နာကျင်ဟန်လည်း မပြ..။ သူ့မျက်လုံးထဲတွင် ရှစ်ယင်၏ မျက်နှာလှလှ​လေးကလွဲ၍ ဘာကိုမှမမြင်..။

​တော်​တော်များများက သူ့ကို မုန်းသည်..။ ပိုင်လီကလည်း သုံး​လောကအနှံ့ ​တော်​တော်များများကို သတ်ခဲ့ဖူးသည်..။ သူများ သူ့ကိုမုန်းလျှင် သူက ​ပျော်​တောင်​ပျော်​သေးသည်..။ ​လောကကြီးမှာ လူ​တွေအများကြီး.. စည်းကမ်း​ကလနားတွေလည်း အများကြီး.. ရတာမလို.. လိုတာမရ.. လုပ်ချင်တာ မလုပ်ရ.. ဘာအဓိပ္ပါယ်မှ မရှိ..။

ပိုင်လီ့အတွက်​တော့ ဘယ်သူ့ထင်မြင်ချက်မှ အ​ရေးမပါ..။ အားလုံးက သူ့အတွက် ပိုးမွှားသာသာပဲ..။ ယခု​တော့ ရှစ်ယင်က သူ့ကို ဒီလို အကြည့်မျိုးနဲ့ ကြည့်လာခဲ့ပြီ..။ အရင်တုန်းက လူ​ပေါင်း​မြောက်များစွာ ကြည့်ခဲ့ဖူးသလို..။

အံ့အားသင့်ခြင်း.. စက်ဆုပ်ရွံရှာခြင်း.. နာကျင်ခြင်းနှင့် အသည်းလှိုက်အူလှိုက် မုန်းတီးခြင်း...

ဒီတကြိမ်​တော့ ပိုင်လီဘာလုပ်ရမှန်း မသိ​တော့..။ သူက ရှစ်ယင်၏ ဓါးချက်ကို ရင်​ကော့၍ ခံ​နေရာမှ လဲပြိုသွားသည်..။ အဖြူ​ရောင်နတ်ဘုရား၀တ်စုံမှာ​တော့ ​သွေး​စွန်း​နေသည်မှာ ​ခေါင်ရမ်းပန်းနီနီ​တွေလို..။ ရှစ်ယင်က ဒူးတဖက်​ထောက်၍ ထိုင်လိုက်ပြီး လက်ထဲက ဓါးရှည်ကို အားနှင့် ဆုပ်ထားသည်..။ သူ့လက်​တွေက အနည်းငယ် တုန်ရီလျက်..။

ပိုင်လီက လက်ကိုဆန့်ထုတ်၍ ​သွယ်လျ​သော လက်​ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သည်..။ ရှစ်ယင်၏ မျက်ရည်တို့မှာ ကြိုးပြတ်သွား​သော ပုလဲကုံးများလို ပိုင်လီ၏ မျက်နှာ​ပေါ် တ​ပေါက်​ပေါက်..။ ဟွမ်ရှုက ​နောက်မှ လှမ်းသတိ​ပေးသည်..။

Burning HeartWhere stories live. Discover now