T/N : Sry.. intersexကို ဆဲနေကြလို့ ဒီအခန်း un လိုက်တာ.. ဒါပေမယ့် ချားကီးရှောင်ချင်လို့ကို character နာမည် သုံးထားတာ ဖြစ်လို့ မ un တော့ပါဘူး.. yu gu yao novel ထဲက ရှစ်ယင်လို့ပဲ မှတ်ပေးပါ.. ပုံတွေတော့ မရှိတော့ဘူး.. idol image ထိတယ် ဖြစ်မှာစိုးလို့..
ဒီ Extra ခန်းက ရှစ်ယင် ပထမဆုံးအကြိမ် လူ့ပြည်မှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူတုန်းကပါ.. ဇာတ်လမ်းသွားအပေါ် ထိခိုက်မှုမရှိတဲ့အပြင် Warning ကြမ်းလို့ မဖတ်လို့လဲရပါတယ်.. warning tags သေချာဖတ်ပြီး အဆင်မပြေရင် ကျော်သွားပေးပါ..
WARNING : NSFW, Explicit content, intersex, dubious consent, double dicks, somewhat bestiality,
***
လန်ယင်ကျောင်းတော်သို့ မကြာခဏ လာရောက်၀တ်ပြုလေ့ရှိသူတိုင်း ကျောင်းတော်အတွင်းတွင် မိန်းမလှလေး တဦး ပုန်းခိုနေသည်ဟု ပြောလေ့ရှိကြသည်..။ ကျားလန်ခန်းမဆောင်အရှေ့ဘက် နတ်ဘုရားမ ရုပ်ထုကို ပူဇော်ထားသည့် စင်နောက်တွင် တခါတရံ အဖြူရောင် အရိပ်ကလေးတခုကို တွေ့ရတတ်ပြီး နံရံနောက်သို့ ၀င်ရောက် ပျောက်ကွယ်သွားလေ့ရှိသည်..။
ကျောင်းတော်၏ နံရံတွေက ယောကျာ်းကြီးတယောက် အရပ်လောက်ရှိပြီး ကနုတ်ပန်းများ ရေးထိုးထားသည်..။ ကနုတ်ပန်းများကြားမှ လှပသော အဖြူရောင် အရိပ်ကလေးက အိပ်မက်လိုလို..။
လာရောက်၀တ်ပြုသော ယောကျာ်းသားတို့က နံရံနားတွင် ရပ်၍ ချောင်းကြည့်တတ်ကြသည်..။ ဗုဒ္ဓ၏ ကျောင်းတော်မှာ တဏှာအတ်က် နေရာမရှိသော်လည်း သူတို့က ထိုအရိပ်ကလေးကို မြင်ရသည်နှင့်ပင် စိတ်ထ,လာတတ်သည်..။ ဒီဘက်လှည့်လိုက်လျှင် ကျားလန်နတ်ဘုရားမ ရုပ်ထုက တည်ကြည်လျက်..။ သူတို့မှာ အပြစ်ရှိစိတ်နှင့် မောင့်ပင်မကြည့်ရဲတော့..။
အမျိုးသမီးများက မကျေနပ်သော်လည်း ကျောင်းတော်ထိ ပြဿနာ မရှာရဲ..။ လန်ယင်ကျောင်း အပြင်မှ တောင်ခြေ အ၀င်၀တွင်သာ ဆဲဆိုတတ်ကြသည်..။ မြင့်မြတ်ဖြူစင်တဲ့ ဘုရားကျောင်းမှာ မိစ္ဆာမလေး တယောက်ရှိတယ်တဲ့.. ကျွန်မယောကျာ်းက အရင်လက အမွှေးတိုင်ထွန်းပြီး သွား၀တ်ပြုတာ ပြန်လာတော့ ၀ိဥာဥ်တောင် မပါလာတော့သလိုပဲ.. ပြောသေးတယ် အဲ့ဒါ မိစ္ဆာမ မဟုတ်ပါဘူးတဲ့.. ဘယ်ကလာမှန်းမသိတဲ့ မြေခွေးမိစ္ဆာလဲ မသိပါဘူးတော်.. ယောကျာ်းလေးတွေကို ရွေးပြီး မြူဆွယ်တတ်တယ်..
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...