ခန်းမတခုလုံး တိတ်ဆိတ်သွားသည်..။ နဂါးမျိုးနွယ်မှ ခေါင်းဆောင်များပင်လျှင် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်..။
ရှဲ့ယွင်က
"ကောင်းကင်မင်းကြီးက ကတိမတည်ချင်တော့ဘူးလား"
ကောင်းကင်မင်းကြီးက ကျောက်စိမ်းစားပွဲကို ဒေါသတကြီး ထုလိုက်သည်..။
" ရှဲ့ယွင်.. မင်း..."
ကောင်းကင်မင်းကြီး တကယ်ဒေါသထွက်နေတာမြင်တော့ လနတ်ဘုရားက ၀င်ဖျန်ဖြေသည်..။
"စိတ်လျှော့ပါ အရှင်မင်းကြီး.. နဂါးအိမ်ရှေ့စံက နောက်ပြောင်တာနေမှာပါ"
"ကျွန်တော် နောက်နေတာ မဟုတ်ဘူး"
ရှဲ့ယွင်က ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ..။ အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲ..။ သူက ခန်းမထဲ တချက်ဝေ့ကြည့်လိုက်သည်..။ နတ်ဘုရားများက အလွန်အမင်း အံ့အားသင့်နေကြသော်လည်း ဘာတခွန်းမျှ ထွက်မပြောရဲသည်ကို မြင်သောအခါ သူ့နှုတ်ခမ်းများက ကွေးညွှတ်သွားသည်..။
ကောင်းကင်မင်းကြီးမှာ ဒေါသထွက်လွန်း၍ နဖူးကြောများပင် ထောင်လာသည်..။ ထိုစဥ် ကြည်လင်သော အမျိုးသမီးသံ တစ်သံကို ကြားလိုက်ရသည်..။
"ဒီနေ့ စည်ကားနေပါလား"
နတ်ဘုရားများအားလုံး အလျင်အမြန် မတ်တပ်ရပ်လိုက်ကြသည်..။ အနီရောင်နှင့် ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားသော နတ်ဘုရားမတပါးက ခန်းမအလယ်သို့ လျှောက်လှမ်းလာသည်..။ ကောင်းကင်မိဘုရားကြီး လူ့လောကတွင် လှည့်ပတ်သွားလာရာမှ ပြန်လာခြင်းဖြစ်သည်..။
သူမက လက်ဝှေ့ရမ်းပြီး နတ်ဘုရားများကို ထိုင်နိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်..။ ထို့နောက် ရှဲ့ယွင်ဆီ တည့်တည့် လျှောက်လာသည်..။
"ခရီးရောက်မဆိုက် ကြားလိုက်ရတာ ဒီက နဂါးအိမ်ရှေ့စံက မယ်မယ်တို့ရဲ့ ရှစ်ယင်ကို လိုချင်လို့ဆို"
ရှဲ့ယွင်သည် ယခင်က ကောင်းကင်မိဘုရားကြီးနှင့် ကြိမ်ဖန်များစွာ တွေ့ဖူးသည်..။ သူမမှာ ကောင်းကင်ဘုံတွင် သြဇာအာဏာကြီးပြီး ရာထူးရာခံ မြင့်မားသော်လည်း ပွင့်လင်းပြီး အခြား သူများကဲ့သို့ မောက်မာထောင်လွှားမှု မရှိကြောင်း သူသိသည်..။ သူက ပြုံးပြီး ခေါင်းငြိမ့်ပြသည်..။ မိဘုရားကြီးက စိတ်ဆိုးခြင်းမရှိ..။
![](https://img.wattpad.com/cover/346816297-288-k450317.jpg)
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...