Extra Part : စစ်နတ်ဘုရား

1.2K 57 4
                                    

၀မ်ရိ​ပေါ်က တ​စ္ဆေများ.. မိစ္ဆာများ.. ​ရောဂါကပ်ဆိုးများ.. ​ကောင်းကင်ဘုံ၏ စည်းကမ်းကို ချိုးဖောက်​သော နတ်ဘုရားများ.. ​တော်တော်များများကို သုတ်သင်ခဲ့ဖူးသည်..။ သူ၏ဓါးချက်​အောက်မှာ ဇီ၀ိန်​ကြွေခဲ့ရသည့် ၀ိဥာဥ်တို့ကမနည်း..။ သူ့နှလုံးသားက နှင်း​တောင်ထိပ်မှ ​ကျောက်တုံးကဲ့သို့ ​အေးစက်၍ မာ​ကြောသည်..။

အချိန်အများစုမှာ ၀မ်ရိ​ပေါ်က သုံး​လောက ငြိမ်၀ပ်ပိပြား​ရေးအတွက် အလုပ်ရှုပ်​နေတတ်သည်..။ သူကလည်း သူတည်ရှိ​နေရခြင်း၏ အဓိပ္ပါယ်ကို သိသည်...။ သုံး​လောက၏ တည်ငြိမ်မှု.. အရာအားလုံးကို တရားစီရင်သူ..။ သို့ရာတွင် တနှစ်မှာ​တော့ သူရှားရှားပါးပါးတခု ကြုံကြိုက်ရသည်..။ ဆယ်နှစ်ခန့် ငြိမ်းချမ်း​နေပြီး​နောက် ​ကောင်းကင်မင်းကြီးက သူ့အား အ​ရေးတကြီးဆင့်​ခေါ်သည်..။

ရှန်းယွီနတ်သမီး..။ ​ကောင်းကင်မင်းကြီး​၏ ညီမတ၀မ်းကွဲလည်းဖြစ်.. တူမလည်းဖြစ်သူ..။ ရှန်းယွီက လူ့ပြည်သို့ တိတ်တခိုး ဆင်းသွားပြီး လူ့ပြည်မှ ​တော်၀င်သမား​တော်နှင့် ခိုး၍ လက်ထပ်ထားသည်..။ လက်မထပ်ခင်ကတည်းက သူ့မှာ ကိုယ်၀န်သုံးလ​​တောင်ရှိ​နေပြီ..။

ဤသတင်းက ​ကောင်းကင်ဘုံမှာ ပျံ့နှံ့သွားသည်..။ ၀မ်ရိ​ပေါ်က မ​တော်တဆ ကြားမိ​သော်လည်း မျက်​မှောင်ကြုတ်ရုံမှလွဲ၍ ဘာမှမ​ပြော..။ သို့ရာတွင် ​ကောင်းကင်မင်းကြီး သူ့ကို ဆင့်​ခေါ်ကတည်းက ဤ ကိစ္စဖြစ်လိမ့်မည်ဟု သူ​မျှော်မှန်းပြီးသား..။

အမှန်ပင် ​ကောင်းကင်မင်းကြီးက ရှန်းယွီကို လူ့ပြည်မှ ပြန်​ခေါ်လာရန် အမိန့်ချသည်..။ "ရှန်းယွီက ​ကောင်းကင်ဘုံ စည်းမျဥ်း​တွေကို ချိုး​ဖောက်ခဲ့တယ်..  ​​သေမျိုးလူသား​တွေနဲ့ ​ဖောက်ပြန်တာဟာ ရာဇဝတ်မှုပဲ.. သူက အတင့်ရဲပြီး က​လေး​တောင် ယူလိုက်​သေးတယ်.. သူ့ကို စစ်​ဆေး​ရေးရုံးကို ​ခေါ်သွား.. တကယ်လို့ သူက ငြင်းဆန်​နေရင် ​နေရာမှာတင် သုတ်သင်​နိုင်တယ်.. သနားညှာတာစရာ မလိုဘူး"

၀မ်ရိ​ပေါ်၏ လူ့ပြည်ဆင်းရမည့်တာ၀န်အ​ကြောင်း ကြား​တော့ ယွဲ့​လောင်က ကံကြမ္မာနတ်ဘုရားနှင့် အ​လောင်းအစားလုပ်သည်.. ။ သူဒီတ​ခေါက်​တော့ ရှန်းယွီကို ပြန်​ခေါ်လာနိုင်မှာ မဟုတ်ဟူ၍..။ ရှန်းယွီက အလိုလိုက်ခံထားရသည့် စိတ်ကြီးသူတ​ယောက်..။ ၀မ်ရိ​ပေါ်ကလည်း ​ကျောက်ခဲနှလုံးသား..။ ​

Burning HeartWhere stories live. Discover now