Warning : Explicit sexual content, non-con, asshole gong
ပိုင်လီက အဆိုးလေးမို့ အပြောကြမ်းပါတယ်.. ဖတ်ရတာ အဆင်မပြေရင် ကျော်သွားပေးပါနော် 🥹***
ပန်းချီကားကို မြင်သည်နှင့် ရှစ်ယင်တယောက် ၀မ်ရိပေါ်၏ နှလုံးသားထဲမှ အစိုင်အခဲကို နားလည်သွားသည်..။
အဲ့ဒါ သူပဲ...
ဒါပေမယ့်.. ဘာလို့လဲ...
မနာလိုမှုနှင့် ရမ္မက်တို့ဖြင့် လောင်မြိုက်နေသော ပိုင်လီက ရှစ်ယင် ထူးဆန်းနေသည်ကို သတိထားမိသွားသည်..။ သူက ရှစ်ယင်ကြည့်နေသော နေရာသို့ လိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်..။
"ရှစ်ယင်.. မင်းက တော်တော် အစွမ်းထက်တာပဲ"
ပိုင်လီက ပြောရင်း ရှစ်ယင်၏ မျက်နှာကို ဖျစ်ညှစ်ပြီး ပန်းချီကားဆီမှ ဆွဲလှည့်လိုက်သည်..။ အမှောင်ထဲတွင် သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိကြသည်..။ ရှစ်ယင်၏ မျက်လုံးများထဲမှ ရွံရှာမှုက ပိုင်လီ့နှလုံးသားကို ဓါးနှင့်ထိုးလိုက်သလို..။
ပုံမှန်ဆိုလျှင် ပိုင်လီက ရှစ်ယင်မုန်းမှာကို မကြောက်ဆုံး..။ သူ့ကို မုန်းလေလေ.. ကစားပွဲက စိတ်၀င်စားစရာ ကောင်းလေလေ..။
သို့သော် ယခုခဏ၌ ပိုင်လီ့မျက်နှာပျက်သွားပြီး ရှစ်ယင်မေးစေ့ကို ဆွဲညှစ်ထားသော လက်တို့က ပို၍ အားပါလာသည်..။
"မင်းက အဲ့ဒီ နံစော်နေတဲ့ ဘုရင်စုတ်ကို ကြိုက်တာလား"
ရှစ်ယင်မှာ နာ၍ မျက်မှောင်ပင် ကြုတ်နေပြီ..။ သူက အံကြိတ်လျက် ပြောသည်..။ "ထွက်သွား.."
ပိုင်လီ့ လည်ပင်းမှ သွေးကြောများပင် ထောင်လျက်..။
"ရှစ်ယင်ရာ.. မင်းဘာလို့ အဲ့လောက် စျေးပေါရတာလဲ.. မင်းက ယောကျာ်း ဘယ်နှယောက်နဲ့ အိပ်ရမှ ကျေနပ်မှာလဲ"
နောက်တစက္ကန့်တွင် ရှစ်ယင်က သူအားလျော့သွားသည်ကို အခွင့်ကောင်းယူပြီး ရုန်းထွက်လိုက်သည်..။ ပိုင်လီတယောက် ပြင်းပြစွာ နာကျင်သွားသည်..။ သူ ငုံ့ကြည့်လိုက်တော့ ဓါးမြှောင်တချောင်းက သူ့နှလုံးသား အပေါ်ဘက် နှစ်လက်မအကွာတွင် စိုက်လျက်..။
ESTÁS LEYENDO
Burning Heart
Fanficကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...