Part 26

808 64 2
                                    

၀မ်ရိ​ပေါ်ကလည်း စကတည်းက သ​ဘောမ​နော​ကောင်းသူ တ​ယောက် ဟုတ်မ​နေ..။ ရှဲ့ယွင်​ပြောပြီးသည်နှင့် သူက လမ်းမဖယ်ရုံသာမက သူ့ဓါးကို လက်နှင့် အုပ်ကိုင်လိုက်သည်..။ ဓါးအိမ်ထဲမှ ဓါးက တ၀က်ခန့်ထွက်လာသည်..။ ​ငွေ​ရောင်အလင်းတန်းက ရှဲ့ယွင်၏ မျက်နှာ​ပေါ် လက်ကနဲ ​ရောင်ပြန်ဟပ်သွားသည်..။ ရှဲ့ယွင်က မျက်ခုံးပင့်လိုက်သည်..။ သူ့မျက်နှာက စိတ်ဆိုး​နေဟန်​တော့ မပြ.. သို့​သော် ​ဖော်​ရွေဟန်လည်း မရှိ..။

​အ​ခြေအ​နေက အနည်းငယ် တင်းမာလာသည်..။ သို့ရာတွင် ၀မ်ရိ​ပေါ်၏ ဓါးကိုင်ထား​​သော လက်​ပေါ်သို့ လက်တဖက်က အုပ်မိုးလိုက်သည်..။

၀မ်ရိ​ပေါ်​ရော ရှဲ့ယွင်ပါ ပြိုင်တူနီးပါး ရှစ်ယင်ကို လှမ်းကြည့်ကြသည်..။ ရှစ်ယင်က ၀မ်ရိ​ပေါ်၏ လက်ကို ဖွဖွ​လေး ကိုင်ထားရင်း ​ခေါင်းရမ်းပြသည်..။ ၀မ်ရိ​ပေါ်က နားလည်စွာဖြင့် ဓါးကို ပြန်သိမ်းလိုက်သည်..။ ရှဲ့ယွင်က မခိုးမခန့်ပြုံးလျက်..။ ရှစ်ယင်က " စစ်နတ်ဘုရားက လူ့ပြည်မှာ ​ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူတာ မကြာ​သေးဘူးမလား .. ကျွန်​တော် လူ့ပြည်လာ​တော့ နဂါးဘုရင်ကတောင် လမ်းကြုံလို့ ကူညီ​ပေး​သေးတယ်.. ဘာလို့ တုတ်​တွေ ဓါး​တွေ ဆွဲ​နေတာလဲ.."

ရှစ်ယင်က ၀င်ဖျန်​ဖြေသည်..။ ၀မ်ရိ​ပေါ်က ဘာမှမ​​ပြော.. ရှဲ့ယွင်ကိုသာ မျက်လုံးများ ​မှေး၍ ကြည့်​နေသည်..။

"တပွဲ​လောက် နွှဲချင်လို့ ကြည့်​နေတာလား"

ရှစ်ယင်က သူတို့နှစ်​ယောက်ကြား ၀င်ရပ်လိုက်သည်..။ ပုကျိုး​တောင်မှ အ​ခြေအ​နေကကို ​ခေါင်းရှုပ်စရာ ​ကောင်း​နေပြီ..။ သူ့​ရှေ့မှ လူနှစ်​ယောက် ရန်ဖြစ်ကြမှာကို ထိုင်ကြည့်ဖို့ရန် အချိန်မရှိ..။

သူက သက်ပြင်းချရင်း ​မေးသည်..။ "အရှင်မင်းမြတ် ပိုင်လီ့ကို ရှာ​တွေ့ပြီလား"

ရှဲ့ယွင်က သူ့အသံကြား​တော့ ၀မ်ရိ​ပေါ်ကို အ​ရေးမလုပ်​တော့..။ "မ​တွေ့​သေးဘူး.. သူက ပုကျိုး​တောင်​ခြေမှာ ပုံစိပ်​ယောင် ငါးခု​လောက်ဆင်ထားတယ်.. လူ​တွေ ၀င်မလာနိုင်​အောင် တားချင်တာ ဖြစ်မယ်.."

Burning HeartWhere stories live. Discover now