ရှစ်ယင်၏ ကျိုယီတောင် နန်းတော်မှာ အလွန်ကျယ်၀န်းလှပြီး ကောင်းကင်ဘုံမှ အကျွမ်းကျင်ဆုံး အရာရှိများကိုယ်တိုင် တည်ဆောက်ထားသည့် ခန်းဆောင်ငယ်များ၊ ရှုခင်းမျှော်ဆောင်များ၊ ပန်းဥယျာဥ်များ ဖြင့် ပြည့်နှက်နေသည်..။ ဤနေရာမှာ ယခင်က ကောင်းကင်မိဖုရားကြီး၏ အပန်းဖြေဥယျာဥ်ဖြစ်သော်လည်း ရှစ်ယင် အမတသခင်အဖြစ် ကောင်းကင်ဘုံ တက်လှမ်းလာသည့်အခါ မိဖုရားကြီးက တဖန်ပြန်လည် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်..။ ရှစ်ယင် အမတသခင် မဖြစ်ခင်က မိဖုရားကြီးနှင့်တွေ့ခဲ့ပြီး ကံကြမ္မာအရ ရင်းနှီးခဲ့ကြသည်တဲ့..။
ရှစ်ယင်နှင့် မိဖုရားကြီးတို့ တိုင်ပင်ဆွေးနွေးပြီးနောက် ကောင်းကင်မင်းကြီး ပေးအပ်ထားသောနေရာကို ရှစ်ယင်အား လွှဲပြောင်းပေးအပ်ခဲ့သည်..။ ထိုစဥ်က နတ်အရာရှိအားလုံး သို့လော သို့လော.. ။ သို့ရာတွင် မိဖုရားကြီးကလည်း ပွင့်ပွင့်လင်းလင်းပင် ပေးခဲ့ခြင်းဖြစ်ပြီး ကောင်းကင်မင်းကြီးကလည်း မကြည်ဖြူခြင်းမရှိ..။ မသင်္ကာစရာ တခုမျှ မရှိ၍ ရှစ်ယင်ကိုသာ ကံကောင်းသောသူအဖြစ် သတ်မှတ်လိုက်ကြသည်..။
ကျိုယီတောင်နန်းတော်၏ ကျော်ကြားသော နေရာတို့မှာ သစ်ပင်ပန်းမာန်အမျိုးအစား ရာပေါင်းများစွာရှိသည့် ဥယျာဥ်တော်နှင့် အလယ်တွင် တသွင်သွင်စီးတင်းနေသော စိမ့်စမ်းရှိသည့် "ရေစင်တော်ကန်"တို့ ဖြစ်သည်..။ ထိုရေစင်တော်ကန်မှာ တောင်ပင်လယ်ရှိ ကွမ်ရင်မယ်တော် ကောင်းကင်ဘုံသို့ လာစဥ် ချန်ထားခဲ့သည့် လက်ဆောင်ဟုပင် ဆိုစမှတ်ပြုကြသည်..။
ရှစ်ယင်က အားလပ်ချိန်အများစုကို ဒီကန်နားမှာပဲ နေတတ်သည်..။ ကန်အနီးရှိ လေသာဆောင်မှာ ခန်းဆီးစ ဖြူဖြူတို့နှင့်..။ လေတိုက်လိုက်လျင် ပန်းပွင့်ဖတ်လေးများ လွင့်မျောနေသလိုလို..။ အိပ်မက်ဆန်ပြီး မျက်စိပသာဒရှိလှသည်..။
" ဒီမုန့်က ကြာစွယ်နဲ့ လုပ်ထားတာပါ အမတသခင်.. မြည်းကြည့်ပါအုံး "
နတ်သူငယ်အစေခံလေးက အဖြူရောင်ကျောက်စိမ်းစားပွဲပေါ်ရှိ မုန့်ပန်းကန်ကို တိုးပေးသည်..။ ရှစ်ယင်က ပေလွှာ အဖတ်မပျက်ပဲ မုန့်တခု ယူ၍ မြည်းသည်..။ သကြားမှုန့်အချို့က သူ့နှုတ်ခမ်းပေါ် တင်ကျန်ခဲ့သည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...