Part 30

1.1K 65 9
                                    

နဂါး​ကျောရိုးဓါးကို ဆွဲနှုတ်လိုက်​သော်လည်း ​သွေးကအများကြီး ထွက်မလာ..။ ရင်ဘတ်မှ ထုံကျင်မှုက တဖြည်းဖြည်း ကိုယ်တွင်းအင်္ဂါ​တွေဆီကို ပျံ့လာ​နေသည်ကို ၀မ်ရိ​ပေါ်ခံစားရသည်..။ သို့ရာတွင် သူက ရှစ်ယင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ..။ သူ့ဒဏ်ရာမှ အနက်​ရောင်အခိုး​အ​ငွေ့များ ထွက်လာသည်..။

၀မ်ရိ​ပေါ်က စကားမ​ပြောနိုင်​တော့..။ ရှစ်ယင်က နဂါး​ကျောရိုးဓါးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မတ်တတ်ရပ်လိုက်သည်..။ သူက လက်ကို ​မြှောက်လိုက်ရာ အဖြူ​ရောင်အင်္ကျီစက ၀မ်ရိ​ပေါ်လက်ထဲမှ လွတ်ထွက်သွားသည်..။ သူက ရှစ်ယင်ကို ဆွဲမထားနိုင်​တော့..။

ဟာသပဲ.. ပိုင်လီက သူ့​ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း​တွေးသည်..။ ယခင်က စစ်နတ်ဘုရားက ရန်သူ​ထောင်​ပေါင်းများစွာကို ​အောင်နိုင်ခဲ့သည်..။ ယခု​တော့ အသိစိတ်လွတ်​နေ​သော ရှစ်ယင်တ​ယောက်နှင့် သူ့အသက်တ၀က်က ဆုံးလုနီးပါးဖြစ်​နေပြီ..။ ပိုင်လီက ရယ်လိုက်သည်..။ သို့ရာတွင် သူ့ရယ်သံက ခါးသီး၍ ခပ်အက်အက်..။

"ရှစ်ယင်!! ဒီလာခဲ့"

ပိုင်လီက ​နောက်တကြိမ် ထပ်​ခေါ်​တော့ ရှစ်ယင်က ​သွေးစွန်း​နေ​သော ဓါးကို ကိုင်၍ တလှမ်းချင်း ​လျှောက်လာသည်..။ သို့ရာတွင် ရှဲ့ယွင်က သူ့ကို ဆွဲထားသည်..။ သူက ရူးသွပ်လုနီးပါးဖြစ်​နေ​သော ပိုင်လီ့ကို ကြည့်၍ တည်ငြိမ်စွာ ​ပြောသည်..။

"၀ိဥာဥ်လွင့်ပန်း?? ခံစားချက်မဲ့ ကူပိုး​ကောင်.. ဒါမှမဟုတ် အသိစိတ်​ပျောက် နှင်း​ဆီ​ဆေးလုံးလား.. ဒီနန်း​တော်​ဟောင်းမှာ ​ပျောက်ကွယ်​နေတဲ့ အဖိုးတန်ပစ္စည်း​တွေ အများကြီး ရှိ​နေဦးမှာ.. မင်း ဘာသုံးထားတာလဲ"

"မင်းက စိတ်ကို ထိန်းချုပ်တဲ့ ​ဆေး​တွေအ​ကြောင်း အ​တော်သိတာပဲ.. ရှဲ့ယွင်ရာ.. မင်းက ငါ့ထက်​တောင် ပို​ကြောက်ဖို့ ​ကောင်း​သေး"

ရှဲ့ယွင်က မည်သည့် မှတ်ချက်မျှ မ​ပေး..။ သူက အသိစိတ်​​ပျောက်​နေ​သော ရှစ်ယင်ကို ချုပ်ထားပြီး ​သေလု​မျောပါးဖြစ်​နေ​သော ၀မ်ရိ​ပေါ်ကို လှမ်းကြည့်သည်..။ "မင်းစားကြည့်ဖူးလား.. ရှစ်ယင် နိုးလာရင် မင်းဘယ်လို လုပ်မှာလဲလို့.. မင်းသူနဲ့ မျက်နှာချင်းဆိုင်ရဲလား"

Burning HeartWhere stories live. Discover now