Part 12

1.1K 88 2
                                    

ရှစ်ယင်က မ​ဖြေ..။ ၀မ်ရိ​ပေါ်၏ နီးနီးကပ်ကပ် အကြည့်​အောက်မှာ သူသတိပြန်၀င်လာသည် ..။ သတိ၀င်လာလာချင်း သူ့​ပေါင်ကြားတ​နေရာက စိုစွတ်​နေ​ကြောင်း ခံစားမိသည်..။ သူက ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်သည်..။

၀မ်ရိ​ပေါ်က သူ့မျက်နှာ​ပေါ်မှ ရမ္မက်၏ အရိပ်​အ​ယောင်ကို မြင်သွားသည်..။ သူ့နှလုံးသားမှာ တချက်ခုန်သွားသည်..။ တည်ငြိမ်​နေ​သော ကန်​​ရေပြင်​တွင် လှိုင်းကြက်ခွပ်​လေးများ ထသလို..။

​ဖ​ယောင်းတိုင်မီးက တဖျတ်ဖျတ် လှုပ်ခတ်​နေပြီး အခန်းထဲမှ အ​ခြေအ​နေက အလွန် နူးညံ့သိမ်​မွေ့​နေသည်..။ ရှစ်ယင်က သူ့ကိုယ်လုံး​လေးကို ​ကွေးလျက် လှဲ​လျောင်း​နေသည်မှာ က​လေး​လေးတ​ယောက်လို..။ ၀မ်ရိ​​ပေါ်က ရှစ်ယင်၏ ​မေးဖျားကို တွဲ​မော့လိုက်သည်..။ ထို့​နောက် ​ခေါင်းကို နှိမ့်ချပြီး နမ်းသည်..။

"အွန်း.."

ရှစ်ယင် အံ့အားသင့်သွားသည်..။ ၀မ်ရိ​ပေါ်က သူ့မိတ်​ဆွေဟု ​ပြောလို့ရပြီး သူတို့ နှစ်​ယောက်လုံးက နတ်ဘုရား​တွေ..။ အတိတ်တုန်းက သိပ်မရင်းနှီးခဲ့သလို အနာဂတ်မှာလည်း သိပ်ဆုံဖြစ်ကြမှာ မဟုတ်..။ ရုတ်တရက်ကြီး ဒီလို အ​ခြေအ​နေက ဘာတုန်း..။

ရှစ်ယင်က တွန်းဖယ်သည်..။ သို့​သော် ၀မ်ရိ​ပေါ်က မ​ရွေ့..။ သူ့အနမ်းများက ပိုမို နက်ရှိုင်းလာသည်..။ သူ၏ လျှာဖျားက ရှစ်ယင်၏ နှုတ်ခမ်းများကို ဖြတ်၍ နူးညံ့​​သော ခံတွင်းထဲသို့ ၀င်လာသည်..။ ၀မ်ရိ​ပေါ်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်..။

သူ့​အောက်ကလူ၏ မျက်၀န်း​ထောင့်စွန်းတို့က နီရဲလျက်.. မျက်၀န်းထဲတွင်​တော့ အရည်ကြည်တချို့က ရစ်သိုင်း​နေကြသည်..။ ငို​နေတာလိုလို.. ။ ၀မ်ရိ​ပေါ်က သူ့ကို လွှတ်​ပေးပြီး ထထိုင်လိုက်သည်.. လက်တဖက်ကမူ နားရွက်ဖျား​လေးကို ညင်သာစွာ ပွတ်​ပေး​နေသည်..။

"ဘာလို့ ငို​နေတာလဲ"

ရှစ်ယင်က ရှိုက်သံနှင့် ​ဖြေသည်..။

"မငိုပါဘူး.. အဟင့်"

၀မ်ရိ​ပေါ်က ဘာမျှမ​ပြော..။ သူက ရှစ်ယင်၏ မျက်လုံး​ထောင့်ကို လက်ဆစ်​လေးနှင့် ပွတ်​ပေးသည်..။ သူ့လက်မှာ မျက်ရည်​တွေ စိုလာသည်..။

Burning HeartWhere stories live. Discover now