"ရှစ်ယင်!!"
ရှဲ့ယွင်က ရှစ်ယင်ရှိရာဆီသို့ ဦးတည်၍ ဆင်းလာသည်..။ ပူလောင်၍ ပုပ်သိုးနေသော လေထုက သူ့ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသည်..။ ချောက်ထဲကို ငုံ့ကြည့်လိုက်လျှင် ငရဲပြည်မှ မြစ်တစင်း စီးဆင်းနေသည့်အလား..။ အဖြူရောင် အလင်းတချက် လျှပ်ကနဲ ပြိုးပြက်သွားပြီး သူ့ရှေ့မှ မြူထုက လွင့်ပါးသွားသည်..။
ရှစ်ယင်က ချောက်ကမ်းပါး အစွန်းတွင် ခြေဗလာနှင့် ရပ်နေသည်..။ သူ့၀တ်ရုံဖြူဖြူတွင် သွေးများ စွန်းထင်းလျက်..။ ပျိုနီပန်းပွင့်ပေါ်မှ အနီစက်လေးများပမာ..။ ခါးထိရှည်သော ဆံနွယ်တို့က သူ့မျက်နှာတခြမ်းတွင် လူးလွန့်လှုပ်ခါနေကြသည်..။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံခိုက်တွင် ရှစ်ယင်မျက်တောင်ဖျားများက လှုပ်ရှားသွားကြသည်..။
ရှဲ့ယွင် ခေါ်သံကိုကြားတော့ ရှစ်ယင်၏ ဆောက်တည်ရာမရဖြစ်နေသော စိတ်များက ငြိမ်သွားသည်..။ ကောင်းကင်တွင် သူ့လုပ်ဖော်ကိုင်ဖက် နတ်ဘုရားများနှင့် နဂါးစစ်သည်တို့နှင့် ပြည့်လျက်..။ ရှစ်ယင်က ရှာကြည့်သော်လည်း ၀မ်ရိပေါ်ကို မတွေ့..။
ရှဲ့ယွင်က သူ့အနားကို ရောက်လာသည်..။ ဆူညံနေသော အရှုပ်အထွေးများကြားတွင် ရှစ်ယင်က သူ့ကို မေးသည်..။ "ရိပေါ် ဘယ်မှာလဲ"
ဒီစကားကို ကြားတော့ သူ့ခြေလှမ်းတို့ တုံ့သွားသည်..။ ရှစ်ယင်တယောက် ၀ိဥာဥ်လွင့်ပန်း၏ လွှမ်းမိုးမှုအောက်မှ ရုန်းထွက်နိုင်လိမ့်မည်ဟု သူမျှော်လင့်ပြီးသား..။ သို့ရာတွင် ပထမဆုံးမေးခွန်းက ဒါဖြစ်နေလိမ့်မည်ဟုတော့ မထင်မိခဲ့..။
သူတွေးတာမှန်သည်..။ ၀မ်ရိပေါ် သေလို့မဖြစ်..။
သူ့အနေနဲ့ ၀မ်ရိပေါ်ကို တကယ်ကို ရှင်းပစ်ချင်သော်လည်း ရှဲ့ယွင်က အေးအေးဆေးဆေးပင် ဖြေသည်..။ "သူ့ကို နဂါးမျိုးနွယ်ကို ပို့ထားတယ်.. သူ မသေနိုင်ပါဘူး.."
ရှစ်ယင်၏ စိတ်တင်းထားသော ခန္ဓာကိုယ်က ပြေလျော့သွားကာ သက်ပြင်းချလိုက်နိုင်သည်..။ သူ့တကိုယ်လုံး ယိုင်ကနဲ ဖြစ်သွား၍ ရှဲ့ယွင်က လက်ကို ဆွဲကာ ဖမ်းထိန်းလိုက်သည်..။ သူက ရှဲ့ယွင် အနားမှာရှိလျှင် အနည်းငယ် လုံခြုံသည်ဟု ခံစားရ၍လားမသိ.. ကူကယ်ရာမဲ့သည့် သနားစရာ့ဟန် ပေါ်လာသည်..။ "ရှဲ့ယွင်.. ကောင်းကင် ကျောက်တိုင် ကျိုးသွားပြီ"
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...