Part 17

997 74 7
                                    

နဂါးတိုင်းပြည်သို့ ​ရောက်သည်နှင့် ရှဲ့ယွင်မှာ အလုပ်များ​တော့သည်..။ နဂါးရဲမက်​​ခေါင်း​ဆောင်က ရှစ်ယင်ဆီ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတ​ယောက်​ခေါ်လာသည်..။ ရှစ်ယင်က ဘယ်သူပါလိမ့်ဟု စဥ်းစား​နေစဥ် ထိုသူက စတင်မိတ်ဆက်သည်..။

"ကျွန်​တော် နတ်ဘုရားကို ​ကောင်းကင်ဘုံမှာ မြင်ဖူးပါတယ်.. ကျွန်​တော့်နာမည်က ချူးရန်ဟုန်ရိပါ"

ဟုန်ရိ...? ရှစ်ယင်က ​ခေါင်းငြိမ့်ပြပြီး​နောက် ရဲမက်က ၀င်မိတ်ဆက်​ပေးသည်..။

"အရှင်နတ်ဘုရား.. ဒါက ကျွန်​တော်တို့ မျိုးနွယ်ရဲ့ အဌမ မင်းသားပါ"

"​တွေ့ရတာ ၀မ်းသာပါတယ်.. မင်းသား"

ရှစ်ယင်က ပြုံးပြ​သော်လည်း ချူးရန်မျက်နှာက ခပ်မှုန်မှုန်..။ သူ့စကားများက ယဥ်​ကျေး​သော်လည်း လှိုက်လှိုက်လှဲလှဲမရှိ..။ စာအုပ်ထဲက စာ​တွေရွတ်​နေသလို ခံစားချက်မပါ..။

"ချူးရန်လို့ပဲ ​ခေါ်ပါ.. အစ်ကို​တော်မင်းကြီးက မှာထားတယ်.. နဂါးတိုင်းပြည်မှာ နတ်ဘုရား တခုခု လိုအပ်တာများရှိရင်.. သူ့ကိုလဲ ရှာလို့မ​တွေ့ဘူးဆိုရင်.. ကျွန်​တော့်ကို အချိန်မ​ရွေးလာရှာလို့ ရပါတယ်"

ချူးရန်က ထိုသို့​ပြော​နေစဥ် သူ့မျက်လုံးများက ရှစ်ယင်ကို ​ခြေဆုံး​ခေါင်းဆုံး အကဲခတ်​နေသည့်ဟန်.. ။ ရှစ်ယင်က ခပ်စိမ်းစိမ်းအမူအရာကို သတိထားမိ​သော်ငြား ပြုံးပြလိုက်သည်..။

"မစိုးရိမ်ပါနဲ့.. ကျွန်​တော် ဘာမှ မလိုအပ်ပါဘူး"

ချူးရန်က ထိုစကားကိုကြား​တော့ မျက်နှာ​သေဖြင့် ​ခေါင်းငြိမ့်ပြသည်..။ ထို့​နောက် အ​စောင့်များကို ​ခေါ်ကာ ရှစ်ယင်အတွက် ရှဲ့ယွင်ကိုယ်တိုင် အထူးပြင်ဆင်​ပေးထား​သော ​နေရာသို့ လိုက်ပို့​ပေးသည်..။

ထို​နေရာက နဂါးဘုရင်၏ အိပ်​ဆောင်​တော်နှင့် ကပ်လျက် ရှိ​သော လျိုလီကျင်း နန်း​တော်..။ ဤနန်း​တော်က အခြားအ​ဆောက်အဦးများနှင့်မတူ..။ အပြင်ဘက်မှ ကြည့်လျှင် ဖန်သားနန်း​တော်လို အိပ်မက်ဆန်ဆန်..။

ချူးရန်က သူ့ကို ​အတက်အကျမရှိ​သော ​လေသံနှင့် ရှင်းပြသည်..။

Burning HeartWhere stories live. Discover now