Part 10

1K 86 2
                                    

ထျန်းချိ​တော်၀င်နန်း​တော်၏ ဧရိယာမှာ ကျယ်​ပြောလှသည်..။ နန်း​ဆောင်ကြီး နန်း​ဆောင်ငယ် စုစု​ပေါင်း ၁၅၀ ရှိသည်..။ နန်း​တော်၏ ​ထောင့်​လေး​ထောင့်တွင် ​မျှော်စင်​​လေးခုရှိပြီး ​မျှော်စင်တခုကို အထပ်၃၀ရှိသည်..။ ​​သေမျိုးကမ္ဘာတွင် ဤမျှ ကြီးကျယ်ခမ်းနား​သော အ​ဆောက်အဦးကို တန်ခိုးစွမ်းအင်မပါပဲ လူအင်အားသက်သက်နှင့် တည်​ဆောက်န်ိုင်သည်မှာ အံ့ချီးဖွယ်ရာပင်..။

ရှစ်ယင် ဒီမလာခင် အချက်အလက်တခုကို စုံစမ်းရရှိခဲ့သည်..။ ထျန်းချိနိုင်ငံမှာ သစ်ပင်ပန်းမာန် ​ပေါများပြီး သယံဇာတ ကြွယ်၀သည်..။ ထို့အပြင် ဗိသုကာလက်ရာမှာလည်း ​ကျော်ကြားလှသည်..။ နိုင်ငံတ၀ှမ်း လက်ရာအ​မြောက်ဆုံး ဗိသုကာ ပညာရှင်မှာ တိုင်းပြည်၏ မင်းသမီး ၀မ်ဘုရင်၏ နှမ​တော် ၀မ်ချင်​ဖေး ဖြစ်သည်..။

လွန်ခဲ့​​သော တနှစ်​ကျော်က ၀မ်ချင်​ဖေးမှာ ထူးဆန်း​သော ​ရောဂါတခု ခံစားခဲ့ရသည်..။ နိုင်ငံစုံမှ သမား​တော် ကြီးကြီးငယ်ငယ်တို့ကို နန်း​တော်သို့ ပင့်ဖိတ်ပါ​သော်လည်း မည်သူမျှ မတတ်နိုင်..။ သူမ အိပ်ရာထဲ လဲ​နေသည်မှာ တနှစ်​ကျော်​နေပြီ..။ ရှစ်ယင်က ယခုတ​ခေါက်တွင် နန်ပင်းနိုင်ငံမှ ​ကျေးလက်သမား​တော်ဟန်​ဆောင်၍  နန်း​တော်ထဲ ၀င်လာခြင်းဖြစ်သည်..။ သူ့နာမည်ကို မ​​ပြောင်း​သော်လည်း ရုပ်ကို​တော့ ဖျက်ထားသည်..။

ယခုတကြိမ်တွင် ရှစ်ယင်က အဖြူ​ရောင်၀တ်စုံ ၀တ်ထားပြီး သာမာန်ရုပ်ရည်ရှိ​သော လူငယ်အဖြစ် ရုပ်ဖျက်ထားသည်..။ ရုပ်ရည်မှာ သာမာန်ဖြစ်​သော်လည်း မျက်လုံးများကမူ ရွှန်းစို​တောက်ပလျက်..။ သူက ​ဘေးခန်းမထဲတွင် ထိုင်​စောင့်​နေသည်..။ ယ​နေ့ နန်း​တော်သို့ လာ​ရောက်​သော အခြားသမား​တော် နှစ်ဦးရှိသည်..။ နှစ်ဦးလုံးက အသက် ၅၀​ကျော်..။ သူ့​ရှေ့မှာ ထိုင်ပြီး သူ့ကို အကဲခတ်​နေကြသည်..။

"လူငယ်​လေး.. မင်းဘယ်က လာတာလဲ"

"နန်ပင်းကပါ"

သမား​တော်ကြီး နှစ်​ယောက်မှာ သူတို့တိုင်းပြည်တွင် အထိုက်အ​လျောက် သြဇာရှိပုံရသည်..။ ရှစ်ယင်​ဖြေပုံက ရိုရို​သေ​သေ ကျိုးကျိုးနွံနွံ မရှိ​သောအခါ တ​ယောက်က စိတ်တိုသွားသည်..။ "အနာဂတ်မျိုးဆက်သစ်တွေ အရည်အချင်း​တော့ ​တော်ရင်​တော်မယ်.. လူကြီးကို​တော့ ​လေးစားသမှု မရှိကြဘူး"

Burning HeartOpowieści tętniące życiem. Odkryj je teraz