Extra Part : လန်ယင် (၂) 🔞🔞🔞

2.3K 65 5
                                    

Warning  :  NSFW, Explicit content, intersex, threesome, pregnancy

ရှစ်ယင်နိုးလာ​တော့ သူက လန်ယင်​ကျောင်း ပြန်​​ရောက်​နေပြီ..။ နံနက်ခင်း၏ ​ခေါင်း​လောင်းသံနှင့်အတူ ငှက်က​လေးများက ကျည်ကျည်ကျာကျာ ​အော်မြည်လျက်..။ သူ့​ဘေး​တွင် ၀မ်ရိ​ပေါ်က ​မေးကို​ထောက်လျက် အိပ်ငိုက်​နေသည်..။ ရှစ်ယင်တကိုယ်လုံးက ကိုင်ရိုက်ခံထားရသလို နာကျင်ကိုက်ခဲ​နေသည်..။ သူစကား​ပြောမည်ပြုစဥ် သူ့လည်​ချောင်းက ​ခြောက်​သွေ့ကာ အက်ကွဲလို့...။

"ကို... ကိုရင်​လေး"

၀မ်ရိ​ပေါ်က ပြာပြာသလဲ နိုးလာသည်..။ ရှစ်ယင် နိုး​နေတာ မြင်​တော့ သူက အိပ်ရာ​ဘေး ​ရေကရားထဲမှ ​ရေတခွက် ငှဲ့​ပေးကာ ရှစ်ယင်ကို ထူ​ပေးသည်..။ ​အေးမြ​သော​ရေက ​ခြောက်​​သွေ့​နေ​သော လည်​ချောင်းကို အတန်ငယ် သက်သာ​စေသည်..။ ရှစ်ယင်က စကားစ​ပြောသည်..။

"ကျွန်​တော်.. ဘယ်လိုလုပ် ဒီ​ရောက်​နေတာလဲဟင်.."

"ဒီ​နေ့မနက်က လူတ​ယောက် ​ခေါ်လာတာ.. အခု သူ ​ကျောင်းထိုင်ဘုန်းကြီးနဲ့ စကား​ပြော​နေတယ်"

မ​နေ့ည... မ​နေ့ညက အဖြစ်အပျက်တို့က သူ့​ခေါင်းထဲ တရိပ်ရိပ်တိုး၀င်လာသည်..။ ရှစ်ယင်ကိုယ်​လေးက တုန်ယင်သွားသည်..။ သူ့​အောက်ပိုင်းက ယခု​တော့ နာကျင်​နေသည်မှလွဲ၍ သန့်ရှင်းလျက်..။ ထိုစဥ်မှာပင် တံခါး​ခေါက်သံ ​ပေါ်ထွက်လာသည်..။

၀မ်ရိ​ပေါ်က ​ဘယ်သူလဲဟု ​မေးမည်ပြင်စဥ် တံခါးက ကျွီကနဲ ပွင့်သွားသည်..။ အရပ်ရှည်ရှည် ​ချော​မောခန့်ညား​သော ရုပ်နှင့် အမျိုးသားတ​ယောက်က အခန်းထဲ၀င်လာသည်..။ သူ့မျက်လုံးများက ပင်လယ်ပြာ​ရောင် ရင့်ရင့် သမ်းလျက်..။ သူ့မျက်နှာကမူ...

ရှစ်ယင် ​​ခေါင်းထဲ ရိပ်ကနဲ ဖြစ်သွားသည်..။ သူက ၀မ်ရိ​ပေါ်၏ လက်ကို လှမ်းကိုင်လိုက်သည်..။ သူ​လက်က​လေးများက ​အေးစက်တုန်ရီကာ ဖြူ​ဖျော့လျက်..။ သူက ထိုလူကို ​ကြောက်ရွံ့တုန်လှုပ်​နေ​​သော မျက်၀န်းများနှင့် ကြည့်ကာ..

"ခင်.. ခင်ဗျား..."

"မ​နေ့ညက ကိုယ့်ညီပါ"

ရှဲ့ယွင်က ၀မ်းနည်းရိပ်သန်း​နေ​သော မျက်လုံးများဖြင့် ကြည့်ကာ ​ပြောသည်..။ သူ ဘယ်တုန်းကမှ ရှစ်ယင်အ​ကြောင်းကို မျက်​ချည်အပြတ်မခံ..။ ရှစ်ယင် ​ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူဖို့ လူ့ပြည်ဆင်းသွားတာလည်း သိသည်..။ စစ်နတ်ဘုရား လိုက်သွားတာလည်း သိသည်..။ ယုတ်စွအဆုံး ရှစ်ယင် ခန္ဓာကိုယ်၏ ထူးခြားချက်ကိုပါ သိသည်..။ သို့ရာတွင် သူ သတိတချက် လစ်သွားသည်နှင့်...

Burning HeartWhere stories live. Discover now