Part 16

855 75 11
                                    

နဂါးဘုရင် ကွယ်လွန်သည့်သတင်းက ​ကောင်းကင်ဘုံ​နေရာအနှံ့ ပျံ့နှံ့သွားသည်..။ နဂါးမျိုးနွယ်စုက ရက်အနည်းငယ်အတွင်းမှာ ​စျာပနအခမ်းအနား ကျင်းပမည်ဖြစ်သည်..။ သမိုင်းအဆက်ဆက် နဂါးဘုရင်များ ကွယ်လွန်တိုင်း သူတို့၏ အ​ကြေးခွံကို သင့်​လျော်သလို ပြုပြင်ပြီး နဂါးမျိုးနွယ်စု၏ အထွတ်အမြတ်ဖြစ်​သော တားမြစ်​နေရာ လုံယွမ်တွင် မြှုပ်နှံလေ့ရှိသည်..။  နဂါးအ​ကြေးခွံက အလွန်မာ​ကျောပြီး စွမ်းအင်အ​မြောက်အများ ပါ၀င်သည်..။ ယင်းတို့ကို လုံယွမ်တွင် မြှုပ်နှံခြင်းဖြင့် သမုဒ္ဒရာ တခုလုံးကို အ​ခြေတည်ခိုင်မာ​​စေသည်..။

နဂါးဘုရင်၏ စျာပနကို ခုနစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး ခမ်းနားကြီးကျယ်မည်ဖြစ်သည်..။ နဂါးဘုရင်ဆိုသည်မှာ သုံး​လောကရှိ ​ရေစွမ်းအင်မှန်သမျှကို ထိန်းချုပ်နိုင်ပြီး ​​ကောင်းကင်မင်းကြီးနှင့် အဆင့်တူဟူ၍ပင် ​ပြော၍ရသည် မဟုတ်ပါလား...။ နာမည်ရှိ​သော နတ်ဘုရားများ.. မိစ္ဆာများနှင့် မ​သေမျိုး​လောကမှ လူများအားလုံးလိုလို အ​ရှေ့ပင်လယ်သို့ တဖွဲဖွဲ လာ​နေကြသည်..။

ရှစ်ယင်လည်း သွားရမည်..။ ​ကောင်းကင်မင်းကြီးက ​ကောင်းကင်ဘုံရှိနတ်ဘုရားအားလုံး လာကြရန် အမိန့်စာချန်ခဲ့ပြီး သူက​တော့ ပြန်လာဦးမည့်ပုံမ​ပေါ်..။ ရှစ်ယင်က ပိုင်​ယောင်နှင့် ဟွမ်ရှုကို ​ခေါ်သွားရန် စီစဥ်ထားသည်..။

​ကောင်းကင်ဘုံမှ အ​ရှေ့ပင်လယ်သို့ ခရီးက ​ဝေးလွန်းလှသည်..။ နဂါးမျိုးနွယ် ပိုင်နက်ထဲ ​စဝင်ပြီးလျှင်​တောင် ​နောက်ထပ် ခရီးမှတ်တိုင်များ ကျန်​သေးသည်..။ စထွက်မည့်​နေ့သို့​ရောက်​သော် နတ်ဘုရားများအားလုံး စီး​တော်ယာဥ်ကိုယ်စီနှင့်..။ လနတ်ဘုရား၏ အ​စေခံက သွားရည်စာစားရန် ကြာပန်းမုန့်ကြွပ်များပင် သယ်လာ​သေးသည်..။

​​ကောင်းကင်ဘုံ အ​ပေါက်၀နားတွင် စုစုရုံးရုံးနှင့် ဆူညံ​နေကြသည်..။ ဖူးစာ​ရေး နတ်ဘုရား ယွဲ့​လောင်က ဆူးနွယ်တုတ်​ကောက်ဖြင့် လမ်း​လျှောက်​နေသည်..။ သူက ကံကြမ္မာနတ်ဘုရား ရှင်းကျွင်းနှင့် ​တွေ့​တော့ ​မေးသည်..။

Burning HeartWhere stories live. Discover now