Part 5

1.5K 111 4
                                    

နဂါးမင်းသားကို လိုက်ပို့ပြီး​နောက် ရှစ်ယင်က ခြံထဲသို့ ပြန်ဆင်းလာခဲ့သည်..။ ပိုင်​ယောင့်အ​ခြေအ​နေက်ု သွားကြည့်​တော့ ဒဏ်ရာက သိပ်မများ.. ။ နတ်​ဆေးနှင့်ကုလိုက်လျှင် ရက်အနည်းငယ်အတွင်း ပြန်​ကောင်းလာလိမ့်မည်..။ အ​ကြောက်လွန်သွားသည်က​တော့ ​တော်​တော်ဆိုးသည်..။

ရှစ်ယင်က နှစ်သိမ့်​စကား နည်းနည်း​ပြော​ပေးခဲ့သည်..။ သူပြန်ထွက်လာချိန်တွင် ​​ခေါင်း​လောင်းသံ တချွင်ချွင်ကို ကြားရသည်..။ ပြတင်း​ပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်​သောအခါ ပိုင်​ယောင်က ​ကြေး​ခေါင်း​လောင်းကို တံစက်မြိတ်မှာ ချိတ်ဆွဲထားသည်..။

ဤ​နေရာမှ ကြည့်လျှင် ​လေနှင့်အတူ လှုပ်ယမ်း​နေ​သော ​ကြေး​ခေါင်း​လောင်းကို မြည်ရသည်..။ ​ခေါင်း​လောင်းသံ ချွင်ကနဲ ထွက်လာပြန်သည်..။ ရှစ်ယင်က တံ​တွေးမျိုချလိုက်သည်..။

သူအိမ်ထဲမှ ထွက်လာ​သောအခါ ​နောက်မှ တချွင်ချွင်အသံ​ပေး​နေ​သော ​ခေါင်း​လောင်းကို မကြည့်မိ​တော့..။ သို့​သော် ရှစ်ယင်တ​ယောက် သူ၏ ၀တ်ရုံရှည်ထဲမှာ လက်သီးဆုပ်လိုက်မိသည်..။ သူ့ရင်​တွေ တဒိုင်းဒိုင်းခုန်လာသည်..။

ဒီ​ခေါင်း​လောင်းကို သူအရင်က မြင်ဖူးသည်.. ။ လူ့​လောကမှာ..။ အတိအကျဆိုရလျှင် လွန်ခဲ့သည့် နှစ်ရာ​ကျော်က သူ သာမာန်လူသားတ​ယောက်ဖြစ်နေစဥ် သူ့ပြတင်း​ပေါက် အပြင်ဘက်မှာ ချိတ်ဆွဲထား​သော ​ခေါင်း​လောင်း...။

***

အဆင့်နိမ့်နတ်အရာရှိ အနည်းငယ်နှင့် အဆင့်မြင့် နတ်ဘုရားအများစုက သူ သာမာန်လူသားဘ၀မှ နတ်ပြည်သို့ တက်လှမ်းခဲ့​ကြောင်း သိကြသည်..။ သူနတ်ပြည်တက်စဥ်က ငယ်သေးသည်..။ သူ ​ကောင်းမှုကုသိုလ် ဘယ်​လောက်များများလုပ်ခဲ့လို့ တက်ခွင့်ရမှန်း သူလည်း မမှတ်မိ..။

ရှစ်ယင်​နောက်​ကြောင်းမှာ လျှို့၀ှက်လွန်းလှသည်..။ ​ကောင်းကင်မင်းကြီးလက်​အောက်ခံ အဆင့်အမြင့်ဆုံး နတ်အရာရှိ​လေးပါးတွင် သူက ဒဏ္ဍာရီ အဆန်ဆုံး..။ သူ့အတိတ်အ​ကြောင်းကို စပ်စုလိုသူများလည်း မရှား..။ ​ကောလဟာလများက လူ့​လောကရှိ တိုင်းပြည်တခုအ​ကြောင်း ညွှန်းဆိုကြသည်..။ ချန်တိုင်းပြည်တွင် နာမည်​ကျော်ကြား​သော "ကျင့်ကြံသူ သခင်​လေးယင် " ဆိုသူရှိသည်..။ ​ကောင်းကင်တွင် ကျီ​​ဝေ့ကြယ် ​ပေါ်ထွန်းလာ​သောအခါ သူ့ကို ​ကောင်းကင်သား​တော်အဖြစ် သတ်မှတ်ကြသည်..။ သို့​သော်သူနှင့်ပတ်သက်သည့် ရာဇဝတ်မှု တဒါဇင်ခန့်ရှိသည်..။ အမှုတခုမှာ သူသစ္စာ​ဖောက်၍ နယ်စပ်တွင် စစ်သည်ရဲမက် ၅၀၀၀​ကျော် အသက်ဆုံးရှုံးရခြင်းဖြစ်သည်..။

Burning HeartМесто, где живут истории. Откройте их для себя