Part 18- A 🔞🔞

2.3K 81 8
                                    

Warning : NSFW, Explicit content

Happy Birthday ရိ​ပေါ်.. ကားနဲ့ ဓါးနဲ့ ​ရော​နေလို့ ​မွေး​နေ့ကြီး ဓါးမတင်ချင်တာနဲ့ ကားတဖြတ်ပဲ တင်လိုက်ပါတယ်..။ အင်နိုးစန့်​လေး​တွေ ​နောက်တပိုင်းမှ ဖတ်လို့ရတယ်.. plot မပါဘူး 🥹

***

လိုချင်​နေပြီ...

ရှစ်ယင်က အဓိပ္ပါယ်ကို တန်းသ​ဘော​ပေါက်သဖြင့် ချက်ချင်းရုန်းသည်..။ သို့ရာတွင် ရှဲ့ယွင်က သူ့​စောင်ကို လက်တဖက်ဖြင့် ဖိထားသဖြင့် သူရုန်း​လေ​လေ.. ​စောင်နဲ့ပိုတင်းတင်းကျပ်ကျပ် ပတ်မိ​လေ​လေ..။ ရှစ်ယင်၏ မျက်လုံးတို့က နီမြန်းလာသည်..။ သူတို့ အကြည့်ချင်းဆုံမိ​သော အခါ ရှဲ့ယွင်၏ မျက်လုံးတို့က ပြင်းပြ​သော ဆန္ဒနှင့် ကျီစယ်ရိပ်ပါးပါး သမ်းလျက်..။ ရှစ်ယင်မှာ ရှက်ကလည်းရှက် ​ဒေါသကလည်းထွက်လာပြီး ဘာဆက်လုပ်ရမှန်း မသိ..။

ဒီလူကို ပိုင်လီ့အား ​ဆောင့်ကန်သလိုမျိုးလည်း ကန်၍မရ..။

သူ စိတ်တို​နေသဖြင့် သူ့နှာသီးဖျား​လေးက ရဲလာသည်..။ မ​ခြောက်​သေး​​သော ဆံနွယ်​ခွေ​ခွေတို့က ​နောက်မှာ ပြန့်ကျဲလျက်..။ သူ့ပုံစံက ခါတိုင်းလို အိ​န္ဒြေသိက္ခာကြီး​​သော နတ်ဘုရားနှင့်မတူပဲ စိတ်​ကောက်​နေ​သော အိမ်သူသက်ထား အလှ​လေးလို..။

အစဥ်အမြဲ ​အေးစက်​နေခဲ့​သော ရှဲ့ယွင်၏ နှလုံးသားမှာ နူးညံ့သွားသည်..။ သူက ​ခေါင်းငုံ့၍ ရှစ်ယင်နဖူးကို နမ်းသည်..။ ရှစ်ယင်က ​ရှောင်​သော်လည်း ​ရှောင်စရာ ​နေရာမရှိ..။ သူက ​စောင်ကို ဆွဲယူ၍ မျက်နှာတခြမ်းကို အုပ်ထားသည်မှာ ပိုးတုံးလုံး​လေးလို..။ ရှစ်ယင်က ​စောင်​အောက်မှာ ​ကွေး​ကွေး​လေး ပုန်း​နေရင်း မျက်လုံး၀ိုင်းကြီးများကိုသာ ​ဖော်ကာ ​ချောင်းကြည့်​နေသည်..။

ရှစ်ယင်က ပလုံးပ​ထွေး​ပြောသည်..။

"အရှင်က.. အရှင်က ကျွန်​တော့်ကို အတင်းလုပ်မှာလား"

"နတ်ဘုရား​တွေလည်း လိုအင်ဆန္ဒရှိလို့ ရပါတယ် .. ​ရှောင်ယင်က ဘာလို့ ရှက်စရာလို့ ထင်​နေ​သေးတာလဲ"

ရှစ်ယင်က မျက်​တောင်က​လေး ပုတ်ခတ်ပုတ်ခတ်..။ သူ မျက်လုံးလှန်ကာ ​ချောင်းကြည့်​နေပုံမှာ ဖြူစင်အပြစ်ကင်းပြီး ဆွဲ​ဆောင်မှု ရှိလွန်းလှသဖြင့် ရှဲ့ယွင်၏ မျက်လုံးတို့က ​မှောင်မိုက်လာသည်..။

Burning HeartTempat cerita menjadi hidup. Temukan sekarang