Warning : NSFW, Explicit content
လူ့လောကက ကလေးတယောက် အရွယ်ရောက်သလို တနှစ်ပြီးတနှစ် ကြီးပြင်းရင့်ကျက်လာသည်ဟု ဆိုရမည်..။ နွေဦး၏ မိုးပြေးလေးမှသည် ဆောင်းရာသီနှင်းမုန်တိုင်းအထိ သေမျိုးတို့က လာလိုက်သွားလိုက်..။ လူတို့၏ ကောင်းမှုကုသိုလ်နှင့် အကုသိုလ်တို့မှာ စာအုပ်များစွာ ရေးထား၍ရအောင် များပြားလှသော်လည်း လူကိုယ်တိုင်ကမူ နောက်ဆုံး၌ အရိုးပြာကျ ကြရသည်သာ..။
သို့ရာတွင် မည်သည့်ခေတ် ရောက်နေပါစေ ထာ၀ရ ရှင်သန်လိုစိတ်က ဘုရင်မှသည် ဆင်းရဲသားအထိ အားလုံး၏ ရူးသွပ်တောင့်တမှုတခု..။
မသေမျိုးကမ္ဘာတွင် အချိန်က ဖြုန်းစရာအရာ သက်သက် ဖြစ်သော်လည်း သာမန်လူတို့အတွက် အချိန်က တန်ဖိုးအထားရဆုံးအရာ..။
ဘယ်အချိန်က စမှန်းမသိသော်လည်း သေမျိုးလောကတွင် အမတသခင်များ ဖြစ်လာရန် နည်းလမ်းများကို ရှာဖွေတီထွင်ခဲ့ကြသည်မှာ နှစ်တရာကျော်ပြီ..။ ကျုံးနန်တောင်မှ တာအိုကျင့်ကြံသူ သုံးဦးက သူတို့၏ နည်းလမ်းများကို နေရာအနှံ့ ဖြန့်ဝေပေးခဲ့ကြသည်..။ လူသားတို့က အဆင့်ဆင့် လက်ဆင့်ကမ်းလာကြသည်..။
ယခုအခါ အမတကျင့်ကြံရန် နည်းများကို လူတိုင်းမသိသော်လည်း မိစ္ဆာနှင့် နတ်ဆိုးတွေ ရှိကြောင်းကိုတော့ လူတိုင်းရင်းနှီးနေပြီ..။ သာမန်လူဖြစ်သော်လည်း အရိုးဖွဲ့စည်းပုံ ကောင်းလျှင် ကျင့်ကြံနိုင်သည်..။ တချို့က အလွန်ပါရမီပါကြသည်..။ ယနေ့ခေတ် တော်၀င်မိသားစုတွင် ထိုကဲ့သို့ ပါရမီရှင်တဦး ရှိသည်..။
ဆောင်းဦးလယ်ပွဲတော် ကျင်းပပြီး မကြာမီ အကြီးဆုံးတော်၀င်မင်းသား၏ ၁၈နှစ်ပြည့် မွေးနေ့ပွဲ ရောက်တော့မည်..။ ထိုလူငယ်လေးက ၁၅နှစ်ကတည်းက ကျင့်ကြံနိုင်နေပြီ..။ ယခုအချိန်ဆို ၀ိဥာဥ်အဆင့်တောင် ရောက်နေပြီ..။ ဘုရင်ကြီးမှာ သူ့သားအတွက် ဂုဏ်မယူပဲ မနေနိုင်..။
မင်းသားလေးမွေးသည့်နေ့က ကောင်းကင်မှာ ကြယ်တွေကြွေသည်..။ အံ့သြနေသော သူတော်စင်များက နက္ခတ်မျှော်စင်ပေါ်မှာ ဒူးထောက်၍ ဦးညွှတ်အရိုအသေပေးကြသည်..။ ထိုအချိန်မှာ မင်းသားလေးကို မွေးဖွားခဲ့ခြင်း ဖြစ်လေသည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...