ဝမ်ရိပေါ်မှာ အဘယ့်ကြောင့် သူဘယ်သူလဲဟူသည်ကို အသည်းအသန် သိချင်နေမှန်း ရှစ်ယင် နားမလည်..။ ရှစ်ယင်အနေဖြင့် ၀မ်ရိပေါ်၏ "နှလုံးသားထဲမှ အစိုင်အခဲ"နှင့် ပတ်သက်ပြီး သဲလွန်စ အနည်းငယ်မျှ မရသေးသော်လည်း သူ့နှလုံးသားထဲတွင် စွဲလမ်းနေသော တစုံတခုရှိမည်ဟု ခန့်မှန်းမိသည်..။
"အရှင်မင်းကြီး.. ခုနက ပြောသလိုပဲ ကျွန်တော်မျိုးက နန်ပင်းတောရွာတခုမှာ မွေးဖွားလာတဲ့ သမားတော်လေးပါပဲ.. မလိမ်ညာ၀ံ့ပါဘူး"
ရှစ်ယင်က အလွန်ရိုးသားဟန်ဖြင့် ပြောလိုက်သည်..။ ၀မ်ရိပေါ်က နားထောင်နေပြီးနောက် ရုတ်တရက် ဆတ်ကနဲ ထရပ်လိုက်ပြီး ရှစ်ယင်ဆီသို့ လျှောက်လာသည်..။
ရှစ်ယင်မျက်နှာပေါ်သို့ အရိပ်က အုပ်မိုးလာသည်..။ သူက ထိုင်ခုံပေါ်မှာ ကျိုးကျိုးနွံနွံထိုင်လျက် မော့ကြည့်သည်..။ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိကြစဥ်မှာပင် အပြင်မှ စကားသံထွက်လာသည်..။
"အရှင်မင်းကြီး.. ရှန်စစ်သူကြီးက တွေ့ခွင့်တောင်းနေပါတယ်"
၀မ်ရိပေါ်က မျက်မှောင်ကြုတ်လိုက်သည်..။ သူက အပေါက်၀သို့ တချက်ကြည့်လိုက်ပြီး ရှစ်ယင်ကိုပြောသည်..။
"မင်း အရင် ပြန်နားလိုက်ဦး"
ရှစ်ယင်က သွားချင်နေသည်မှာ ကြာပြီ..။ သူက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်..။ သူစာကြည့်ဆောင်ထဲမှ ထွက်လာစဥ် အစောင့်ရဲမက်က အရပ်ရှည်ရှည် သက်လတ်ပိုင်းအရွယ် လူတယောက်ကို ခေါ်လာနေသည်..။ သူက ထိုသူနှစ်ယောက်ကိုလည်း ဦးညွတ်ပြီး ကျော်သွားမည်ပြုစဥ် ၀မ်ရိပေါ်က နောက်မှ လှမ်းပြောသည်..။
"ရှစ်ယင်.. မနက်ဖြန် မင်းသမီးအဆောင်က လွဲရင် ဘယ်မှ သွားခွင့်မရှိဘူး.. ငါကိုယ်တော် ဆင့်ခေါ်ရင် အချိန်မရွေးလာရမယ်"
"အမိန့်အတိုင်းပါ"
၀မ်ရိပေါ်က တံခါးဘောင်ကို လက်ထောက်လျက် ရှစ်ယင်တဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်နေပြီးမှ ရှန်စစ်သူကြီးနှင့်အတူ စာကြည့်ဆောင်သို့ ၀င်သွားသည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...