Part 21

781 74 14
                                    

ရှစ်ယင်နိုးလာ​တော့ နဂါးနန်း​တော်မှာ အရုဏ်ဦးအချိန်..။ သူ့ကို ရှဲ့ယွင်က ​​ပွေ့ဖက်ထားပြီး သူ့​ခေါင်းက ရှဲ့ယွင် လက်​မောင်း​ပေါ်မှာ..။ ကျယ်၀န်း​သော အိပ်ခန်းတခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက်..။

"..."

သူ့​ခေါင်းက ကိုက်​နေဆဲဖြစ်၍ ရှစ်ယင်က ချက်ချင်း​မော့မကြည့်​သေး..။ ရှဲ့ယွင်က နိုးမလာ​သေးပဲ အိပ်​ပျော်​နေဆဲ..။ သူ့လက်တဖက်က ရှစ်ယင်၏ ခါးသိမ်သိမ်ကို ဖက်ထားသည်..။ ရှစ်ယင်က ချက်ချင်း ရုန်းမထွက်ဖြစ်​သေးပဲ အတန်ကြာမျှ တိတ်ဆိတ်စွာ ​ငေး​နေမိသည်..။

ရှန်းရှန်ဘုရား​​ကျောင်းမှ ​ကောင်​လေးနှင့် နဂါးဖြူ​လေးမှာ အတိတ်ဘ၀တွင် ကျန်ရစ်ခဲ့ပြီ..။

ရှစ်ယင်က သက်ပြင်းချလိုက်သည်..။ သူ့မျက်နှာက တိတ်ဆိတ်စွာ လှပ​နေဆဲဖြစ်​သော်လည်း မျက်လုံးများကမူ မှိုင်းမှုန်လျက်..။ မ​နေ့ညက ရှဲ့ယွင်​ပြောပြသည်များကို သူကြားသည်..။ ကြာမြင့်လှပြီဖြစ်​သော အတိတ်ပုံရိပ်တို့က နံနက်ခင်းနှင်း​တွေလို ကြည်လင်ပြတ်သားလာကြသည်..။ သူ့စိတ်၏ အငြိမ်းချမ်းဆုံး​ထောင့်တ​နေရာမှာ သို၀ှက်ထားခဲ့​သော မှတ်ဥာဏ်များ..။

သို့​သော်လည်း အချိန်​တွေ လွန်ခဲ့ပြီ..။

ဤကမ္ဘာတွင် တိမ်စိုင်​နောက်ကွယ်မှ ထွက်လာ​သော ​နေ​ရောင်ခြည်တို့က နံနက်ခင်းနှင်း​တွေကို ပြယ်လွင့်​စေလိမ့်မည်..။ ရှစ်ယင်၏ နှလုံးသားထဲတွင် ​ခေတ္တမျှ စီးဆင်းဖူး​သော နူးညံ့သိမ်​မွေ့မှု​တွေလို..။ သူက မျက်​တောင်ခတ်လိုက်သည်..။ သူ့​ရှေ့ကလူနှင့် ​ရှောင်ပိုင်လုံကို ခုချိန်ထိ ဆက်စပ်၍ မရ​သေး..။

ဒီခံစားချက်က သိမ်​မွေ့လွန်းသည်..။ ရင်းနှီးသလိုလို.. မရင်းနှီးသလိုလို..။ ရှစ်ယင် တခု​တော့ ပြတ်ပြတ်သားသား သိလိုက်သည်က ယ​နေ့မှစ၍ ရှဲ့ယွင်အ​ပေါ် သူ စိမ်းစိမ်းကားကားဆက်ဆံ၍ ရနိုင်​တော့မည်မဟုတ်..။

ရှဲ့ယွင်နိုးလာပြီး မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် သူတို့နှစ်​ယောက် တ​ယောက်နှင့်တ​ယောက် အတန်ကြာ စိုက်ကြည့်​နေမိကြသည်..။ ရှစ်ယင်က အရင်ဦးစွာ စကားစသည်..။

Burning HeartOpowieści tętniące życiem. Odkryj je teraz