မတော်တဆတွေ့ရင်ဖတ်သွားနိုင်ပါသည်။
ဘာမှတော့မဟုတ်ပေမယ့် ဘယ် page ဘယ် platform မှာမှ review ခြင်းမပြုပါနဲ့။
*Follow လုပ်ခြင်းသည်းခံပါ။
ကျေးဇူးတင်ပါတယ်။
______________ _______________AN:
Bonsai (ဘွန်ဆိုင်း)ဆိုတာ ဝက်သစ်ချပင်၊ထင်းရူးပင်...စတဲ့အပင်ကြီးမျိုးတွေကို ပန်းအိုးထဲမှာအပင်ငယ်လေးအဖြစ်စိုက်ပျိုးကြတဲ့နည်းပဲဖြစ်ပါတယ်။
စိုက်ပျိုးရာမှာ လိုရာပုံသွင်းနိုင်ဖို့ အပင်ငယ် လေးရဲ့အရွက်တွေကိုင်းတွေကိုဖြတ်တောက်ပေးရရုံမက ကြေးနန်းကြိုးတွေနဲ့တုပ်နှောင်ပြီးပုံသွင်းကြရပါတယ်။
ကျန်းမာဖွံ့ဖြိုးတဲ့အပင်ငယ်လေးဖြစ်လာဖို့အတွက်နေရောင်ခြည်အလင်းဓာတ်၊မြေဩဇာ၊ရေဓာတ်နဲ့စိုထိုင်းမှုများကိုလည်းအပြည့်အဝပေးရပြီး၊အမြဲစိမ်းလန်းရှင်သန်နေဖို့ကျရောက်လာမယ့်အန္တရာယ်တွေကိုဖယ်ရှားပေးလို့အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပျိုးထောင်ပေးရခြင်းမျိုးဖြစ်ပါတယ်။
Age gap က ၁၅ နှစ်ဖြစ်လို့အဆင်ပြေမှဖတ်ပါ။
နှစ်ဦးလုံးတစ်ဦးထက်တစ်ဦးမလျှော့နည်းတဲ့ချစ်ခြင်းတွေနဲ့ချစ်ကြပါတယ်။အသက်ကွာခြားမှုနဲ့ရုန်းထွက်ဖို့ခက်တဲ့ zone ထဲမှာ မတူညီတဲ့မေတ္တာအရောင်တွေဖြစ်တဲ့ ၅၂၈ မေတ္တာနဲ့ ၂၀၂၈ မေတ္တာ နှစ်ခုကြားကလွန်ဆွဲမှုလေးတွေပါပဲ။
ရိုးရှင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီးအတက်အကျသိပ်မရှိတဲ့အတွက်ဖြည်းဖြည်းအေးအေး တငွေ့ငွေ့လေးဖြစ်ပါတယ်။
"လိုအပ်လို့အရွက်ဖြတ်ရတယ်၊ကိုင်းချိုးရတယ်၊သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲရှင်သန်စေတယ်၊ဒါကိုအတ္တလို့သတ်မှတ်လည်းပဲ သူကတော့ စည်းစနစ်ကျကျပျိုးထောင်ပေးခြင်းလို့ပဲခေါ်မယ်"
...BONSAI...