အပိုင်း(၂၄) Unicode

1K 104 13
                                    

Tent အပြင်မှာဝမ်ရိပေါ်မတ်တပ်ရပ်နေသည်မှာ သုံးမိနစ်ရှိပြီဖြစ်သည်။ရေစိုဝတ်ကိုပဲဝတ်ထားဆဲဖြစ်ပြီး လေအေးများတိုးနေသည့်အရှိန်ကြောင့် ခန္ဓာကိုယ်တဆတ်ဆတ်ဖြစ်လာသည့်အခါ အရှေ့ကိုတစ်လှမ်းနှစ်လှမ်းတိုးလိုက်ပြီး tent ကို အပြင်ကနေလက်နဲ့ပုတ်၍...

"လေးလေး..."

"....."

"လေးလေး...ကျွန်တော့်ရဲ့ ကျောပိုးအိတ်လေးတစ်ချက်လောက်အပြင်ထုတ်ပေးပါလား...ရေစိုဝတ်ကြီးနဲ့အပြင်မှာအရမ်းချမ်းနေပြီ..."

ပြောပြီးသည်နှင့်မကြာ tent ​၏အဝင်ပေါက်ဇစ်ပွင့်လာသည်။အပြည့်အဝမဟုတ်ဘဲ ကျောပိုးအိတ်တစ်လုံးဝင်ထွက်နိုင်သလောက်ပဲဖြစ်​၏။ tent အပြင်သို့ထွက်လာသော လက်တစ်ဖက်ကို ဝမ်ရိပေါ်အရဆွဲဖို့ပြင်လိုက်သော်လည်း အိတ်ကမ်းပြီးသည်နှင့် ထိုလက်က tent ထဲပြန်ဝင်သွားသည်ကြောင့် သူ့လက်ထဲကျောပိုးအိတ်သာကျန်ရစ်ခဲ့သည်။

ကျောပိုးအိတ်ထဲကအဝတ်စားအခြောက်များကိုဝမ်ရိပေါ်ထုတ်သည်။လူကွယ်ရာတွင်မြန်မြန်သွက်သွက်လဲလိုက်ပြီး၊ ရေစိုဝတ်များကိုရေပြောင်အောင်ညှစ်၍ မီးပုံဘေးတွင် သူများနည်းတူတုတ်ချောင်းတန်း၍ မီးကင်အခြောက်ခံလို့နေ​၏။

အဝတ်များကိုဟိုဘက်ဒီဘက်လှန်ပေးရင်း ရှောင်းကျန့်ရှိနေရာ tent ဘက်ကိုဝမ်ရိပေါ် တစ်ချက်တစ်ချက်လှမ်းကြည့်သည်။ကျင်းရီက "ဘာဖြစ်ခဲ့တာလဲ"ဆိုသည့်အဓိပ္ပာယ်ဖြင့်မေးဆတ်ပြီးမေးလာသည့်အခါ ဝမ်ရိပေါ်က ဘာမှမဟုတ်ကြောင်းခေါင်းခါပြလိုက်သည်။

ဆယ်မိနစ်ခန့်အဝတ်မီးကင်ပြီးနောက် ခပ်ထပ်ထပ် အနေအထားတွင် ဝမ်ရိပေါ်မီးပုံဘေးမှခွာပြီး အဝတ် များကိုခြောက်သွေ့သည့်သစ်တုံးတစ်ခုပေါ်တွင်တင်ထားလိုက်​၏။ပြီးလျှင် tent ဘက်သို့လျှောက်သွား၍ ဇစ်ပိတ်ထားသည့်အဝင်ပေါက်ရှေ့တွင် ငုတ်တုတ်ထိုင်ကာ...

"လေးလေး...ကျွန်တော်ခဏဝင်ခဲ့လို့ရလား..."

"....."

"လေးလေး..."

"....."

"လေးလေး..."

နာမ်စားတစ်ခုကိုထပ်ခါထပ်ခါခေါ်နေရင်း tent ​၏ ဇစ်အနည်းပွင့်လာသည့်အခါ ဝမ်ရိပေါ်ရပ်လိုက်သည်။လက်ဝင်နိုင်လောက်သည့်အရွယ်အစားလေးပဲဖြစ်၍ ကျန်သည့်အပိုင်းကိုတော့ ကိုယ့်ဟာကိုယ်ဆက်ဖွင့်ပြီး tent အတွင်းသို့ဝင်လာကာ အထဲရောက်ပြီးသည်နှင့်ဇစ်ကိုပြန်ဆွဲပိတ်လိုက်သည်။

BonsaiWhere stories live. Discover now