နားထဲဝင်လာသည့်ဆူညံသံများကြောင့်ဝမ်ရိပေါ် မျက်လုံးပွင့်လာပြီးအိပ်ရာမှထလိုက်၏။နာရီကိုကြည့်လိုက်သည့်အခါမနက် ၆ နာရီပဲရှိသေးတာဖြစ်ပြီးတစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ဟယ်ရီကိုမတွေ့ရ။
ခါတိုင်းလည်းမနက်စောစောထရသည်ကြောင့်အကျင့်ဖြစ်နေပြီဖြစ်သော်လည်းမနေ့ညကတစ်ညလုံးအတွေးတွေလွန်နေရသည်ဖြစ်၍အခုအိပ်ရေးမဝချင်သလိုဖြစ်နေတာဖြစ်၏။ဝမ်ရိပေါ်ပြန်အိပ်ဖို့ကြိုးစားလိုက်ရာ နောက်ထပ်ပေါ်လာသည့်စုရုံးရုံးအသံများကြောင့် စူးစမ်းလိုစိတ်ဖြင့်အခန်းပြင်သို့ထွက်လာ၏။အပြင်ရောက်တော့သူ၏တိုက်ခန်းဖော်များက ဝရံတာဘက်မှာတန်းစီနေကြခြင်းဖြစ်ပြီးတိုက်အောက်ကိုငုံ့ကြည့်နေတာဖြစ်၏။
ဟယ်ရီ၏ပုခုံးကို အနောက်ဘက်ကနေဝမ်ရိပေါ်ပုတ် လိုက်ပြီး...
"ဘာတွေကြည့်နေကြတာလဲ..."
"ဟိုမှာလေ အဆိုတော် xxx ကို သူ့ပရိသတ်တွေဆန္ဒပြနေကြတာ..."
ဟယ်ရီပြောသည့် အဆိုတော်က တရုတ်ပြည်၏ A list အဆင့်ရှိအဆိုတော်ဖြစ်ပြီး APEX entertainment နဲ့စာချုပ်ချုပ်ထားတဲ့သူဖြစ်သည်ကြောင့် ဝမ်ရိပေါ်စိတ်ဝင်စားစွာ တိုက်ခန်းဝရံတာကနေလှမ်းတွေ့နေရသော ကုမ္ပဏီဘက်ကိုကြည့်လိုက်သည်။စုရုံးနေကြသည့်လူများကအနည်းဆုံး အယောက် ၁၀၀ ခန့်ရှိသည်ကိုဝမ်ရိပေါ်တွေ့သော်လည်း ဘာကိစ္စကြောင့်မှန်းမသိသည်ကြောင့်...
"အဲ့အဆိုတော်က ဘာလုပ်လိုက်လို့လဲ..."
"ဒီမနက် သူ့သတင်းက လိုင်းပေါ်မှာရေပန်းစားနေတာ...ညက သူ့ ချစ်သူနဲ့သူလျှို့ဝှက်date နေတဲ့စားသောက်ဆိုင်တစ်ခုမှာ သူ့ toxic fan တစ်ယောက်ကလှမ်းမြင်မိပြီး အနောက်ကနေလိုက်တယ်...ပြီးတော့ သူ့ချစ်သူနဲ့သူလက်တွဲထားတာကို ကြားထဲကနေအတင်းဝင်ဆွဲဖြုတ်ပြီးချစ်သူမိန်းကလေးကိုရန်ရှာတော့ အဲ့အဆိုတော်ကပြန်ကာကွယ်ရင်းမတော်တဆတွန်းမိသလိုဖြစ်သွားတာ...အဲ့မှာသူခိုးကလူပြန်ဟစ်ရင်း အဆိုတော် xxx က သူ့ချစ်သူကြောင့်သူ့ fan တွေကိုပြန်ရန်ရှာပါတယ်ဆိုတဲ့ သတင်းကထွက်လာတာပဲ..."
"သူ့ရဲ့ real fan လို့နာမည်ခံကြတဲ့သူတွေကလည်း သူတို့ကိုအသိမပေးဘဲ သူတို့အဆိုတော်ကရည်းစားထားရကောင်းမလားဆိုပြီး ဒီမနက် ကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတာ...နောက်ပြီးရှိသေးတယ်...အခုတချို့ fan တွေက ချစ်သူကောင်မလေးရဲ့ နေအိမ်ရှေ့မှာလည်း သွားစောင့်နေကြတာတဲ့...အဲ့ကောင်မလေးက အနုပညာနယ်ပယ်ထဲက မဟုတ်ဘဲ သာမန်အရပ်သူမိန်းကလေးဖြစ်နေလို့ fan တွေကလုံးဝမကျေနပ်ကြတာ..."
