အပိုင်း(၇) Unicode

929 105 5
                                    

စောင့်နေကျနေရာဖြစ်သော တက္ကသိုလ်ဝန်းအပြင်ဘက်ရှိခုံတန်းတစ်ခုတွင် ခဲရောင်အိမ်စီးကားလေးအလာကို ဝမ်ရိပေါ်စောင့်လို့နေသည်။အတန်းချိန်က ၃ နာရီခွဲကတည်းကပြီးခဲ့သည်ဖြစ်ရာ ဘောလုံး Training သွားလို့ရသေးပါသော်လည်းရှောင်းကျန့်နဲ့တွေ့သည့်အချိန်ချွေးသံတရဲရဲဖြစ်နေမည်စိုး၍ လေအေးပေးစက်ရှိသည့်စာကြည့်တိုက်ထဲမှာ ညနေ ၄ နာရီခွဲအထိစာကြည့်နေခဲ့တာဖြစ်​၏။

ဝမ်ရိပေါ်အပြင်မှာကြိုစောင့်နေရင်း ညနေ ၅ နာရီရောက်သည့်အခါ ညစာကြိုစားထားဖို့ပြောသောvoice message တစ်ခုဝင်လာသည်။ထို message ကိုရလိုက်တဲ့အချိန်ဝမ်ရိပေါ်စိတ်ထဲသိပ်မကောင်းပေမယ့်အပြည့်အဝနားလည်ပေးလိုက်​၏။ထို့ကြောင့် အစကရှောင်းကျန့်နဲ့အတူစားဖို့လုပ်ထားသည့်ကျောင်းဘေးနားက ခေါက်ဆွဲဆိုင်ကိုဝမ်ရိပေါ်တစ်ယောက်တည်းဝင်သွားခဲ့​၏။

ခေါက်ဆွဲဆိုင်ရောက်သည့်အခါအကယ်၍သူ​၏လေးလေးရောက်လာခဲ့ရင်ဆိုသည့်စိတ်ဖြင့်နံရိုးခေါက်ဆွဲနှစ်ပွဲနှင့် ဖက်ထုပ်ကြော်တစ်ပွဲကိုဝမ်ရိပေါ်မှာထားလိုက်သည်။သို့သော်လည်းသူစားလို့ပြီးခါနီးအထိ ရောက်မလာခဲ့သည့်အခါနှစ်ယောက်စာမှာထားသည်များကိုသူတစ်ယောက်တည်းစားခဲ့ရသည်။ရှောင်းကျန့်ညစာမစားရလောက်သေးဘူးဟုခန့်မှန်းမိသည်ကြောင့်လည်းလိုရမယ်ရဖက်ထုပ်ကြော်တစ်ပွဲကိုပါဆယ်သေချာထုတ်ပြီး သူ့ကျောပိုးအိတ်ထဲထည့်ခဲ့လိုက်သေး​၏။

ဝမ်ရိပေါ်စားသောက်ဆိုင်မှထွက်လာခဲ့သည့်အချိန်မှာညနေ ၆ နာရီကျော်လောက်ရှိပြီဖြစ်​၏။ရှောင်းကျန့်ဘက်ကဖုန်းတစ်ချက်မှဆက်မလာသေးသည့်အခါ သူ့ဘက်ကလည်းအနှောင့်အယှက်ပေးမိမည်စိုး၍အလိုက်သတိဖြင့်ဖုန်းခေါ်ဆိုခဲ့ခြင်းမပြုခဲ့တာဖြစ်သည်။

website ထဲကနေ ရုပ်ရှင်လက်မှတ်များဝယ်ခဲ့ပြီးပေမယ့် ရုပ်ရှင်ရုံက ကျောင်းနဲ့နာရီဝက်လောက်ဝေးတဲ့နေရာမှာရှိတာကြောင့် ဝမ်ရိပေါ် သူအရင်ဆုံးသွားပြီး လုပ်စရာရှိတာများကြိုလုပ်ထားလိုက်​၏။ရှောင်းကျန့်က ဝမ်ရိပေါ်အကြောင်းကိုခေါင်းအစခြေအဆုံးသိသည်ဆိုလျှင်ဝမ်ရိပေါ်ကလည်းသူ့လေးလေးအကြောင်းကိုဆံဖျားကနေခြေအဆုံးထိသိ​၏။

BonsaiWhere stories live. Discover now