အပိုင်း(၂၀) Unicode

1K 132 12
                                    

နားထဲဝင်လာသည့်ဆူညံသံများကြောင့်ဝမ်ရိပေါ် မျက်လုံးပွင့်လာပြီးအိပ်ရာမှထလိုက်​၏။နာရီကိုကြည့်လိုက်သည့်အခါမနက် ၆ နာရီပဲရှိသေးတာဖြစ်ပြီးတစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ဟယ်ရီကိုမတွေ့ရ။

ခါတိုင်းလည်းမနက်စောစောထရသည်ကြောင့်အကျင့်ဖြစ်နေပြီဖြစ်သော်လည်းမနေ့ညကတစ်ညလုံးအတွေးတွေလွန်နေရသည်ဖြစ်၍အခုအိပ်ရေးမဝချင်သလိုဖြစ်နေတာဖြစ်​၏။ဝမ်ရိပေါ်ပြန်အိပ်ဖို့ကြိုးစားလိုက်ရာ နောက်ထပ်ပေါ်လာသည့်စုရုံးရုံးအသံများကြောင့် စူးစမ်းလိုစိတ်​ဖြင့်အခန်းပြင်သို့ထွက်လာ​၏။အပြင်ရောက်တော့သူ​၏တိုက်ခန်းဖော်များက ဝရံတာဘက်မှာတန်းစီနေကြခြင်းဖြစ်ပြီးတိုက်အောက်ကိုငုံ့ကြည့်နေတာဖြစ်​၏။

ဟယ်ရီ​၏ပုခုံးကို အနောက်ဘက်ကနေဝမ်ရိပေါ်ပုတ် လိုက်ပြီး...

"ဘာတွေကြည့်နေကြတာလဲ..."

"ဟိုမှာလေ အဆိုတော် xxx ကို သူ့ပရိသတ်တွေဆန္ဒပြနေကြတာ..."

ဟယ်ရီပြောသည့် အဆိုတော်က တရုတ်ပြည်​၏ A list အဆင့်ရှိအဆိုတော်ဖြစ်ပြီး APEX entertainment နဲ့စာချုပ်ချုပ်ထားတဲ့သူဖြစ်သည်ကြောင့် ဝမ်ရိပေါ်စိတ်ဝင်စားစွာ တိုက်ခန်းဝရံတာကနေလှမ်းတွေ့နေရသော ကုမ္ပဏီဘက်ကိုကြည့်လိုက်သည်။စုရုံးနေကြသည့်လူများကအနည်းဆုံး အယောက် ၁၀၀ ခန့်ရှိသည်ကိုဝမ်ရိပေါ်တွေ့သော်လည်း ဘာကိစ္စကြောင့်မှန်းမသိသည်ကြောင့်...

"အဲ့အဆိုတော်က ဘာလုပ်လိုက်လို့လဲ..."

"ဒီမနက် သူ့သတင်းက လိုင်းပေါ်မှာရေပန်းစားနေတာ...ညက သူ့ ချစ်သူနဲ့သူလျှို့ဝှက်date နေတဲ့စားသောက်ဆိုင်တစ်ခုမှာ သူ့ toxic fan တစ်ယောက်ကလှမ်းမြင်မိပြီး အနောက်ကနေလိုက်တယ်...ပြီးတော့ သူ့ချစ်သူနဲ့သူလက်တွဲထားတာကို ကြားထဲကနေအတင်းဝင်ဆွဲဖြုတ်ပြီးချစ်သူမိန်းကလေးကိုရန်ရှာတော့ အဲ့အဆိုတော်ကပြန်ကာကွယ်ရင်းမတော်တဆတွန်းမိသလိုဖြစ်သွားတာ...အဲ့မှာသူခိုးကလူပြန်ဟစ်ရင်း အဆိုတော် xxx က သူ့ချစ်သူကြောင့်သူ့ fan တွေကိုပြန်ရန်ရှာပါတယ်ဆိုတဲ့ သတင်းကထွက်လာတာပဲ..."

BonsaiWhere stories live. Discover now