အဆက်မပြတ်မြည်နေသည့်ဖုန်းသံကြောင့်ရှောင်းကျန့်နိုးလာသည်။သူ့ကိုဖက်ပြီးအိပ်မောကျနေလျက်ရှိသည့်ဝမ်ရိပေါ်ကိုအသာဖယ်ခွာပြီး မြည်နေဆဲဖြစ်သည့်ဝမ်ရိပေါ်၏ဖုန်းကိုယူကြည့်လိုက်၍ အိပ်ခန်းပြင်သို့ ထွက်သွား၏။အပြင်ရောက်သည့်အခါ ခေါ်နေသူမည်သူမှန်းမသိသော်လည်း ဖုန်းကိုဖြေလိုက်သည်။
"ဟယ်လို..."
"....."
"ဝမ်ရိပေါ် မဟုတ်ပါဘူး သူ့ရဲ့အုပ်ထိန်းသူပါ..."
တစ်ဖက်ကပြောနေသည့်စကားများကိုရှောင်းကျန့်အလေးအနက်နားထောင်ကာအပြန်အလှန်ပြောဆိုကြရင်း စကားအဆုံးသတ်တော့မည့်အချိန်၌...
"ကျွန်တော့်ဖုန်းနံပါတ်ပေးထားပါမယ်...ဒီကလေးရဲ့နံပါတ်ကိုမခေါ်ပါနဲ့ သူ့ကိုခေါ်လည်း ဘာမှလုပ်ပေးနိုင် မှာမဟုတ်ပါဘူး...အုပ်ထိန်းသူဖြစ်တဲ့ကျွန်တော်ကပဲတာဝန်ယူပေးမှာမို့ ကျွန်တော့်ကိုပဲဆက်သွယ်ပါ..."
"....."
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်..."
ဖုန်းချသွားပြီဖြစ်၍ ရှောင်းကျန့် မီးဖိုခန်းထဲသွားသည်။မနက်စာချက်နေသည့်ဦးလေးယန်အား ဝမ်ရိပေါ်ပြန်ရောက်နေကြောင်းအသိပေးလိုက်ပြီး၊ ဦးလေးယန်မှ ဝမ်းသာအားရဖြင့်ဟင်းများပိုချက်ရန် စူပါမားကတ်သွားမည်ဖြစ်၍ ရှောင်းကျန့်ငွေစက္ကူတချို့လုံလုံလောက်လောက်ထုတ်ပေးခဲ့၏။
ဦးလေးယန်အပြင်ထွက်သွားသည့်အခါ ရှောင်းကျန့်အိပ်ခန်းထဲပြန်ဝင်လာပြီး အိပ်ရာထက်အိပ်မှုံစုံမွှားထိုင် နေသည့်ဝမ်ရိပေါ်ဘေးတွင်ဝင်ထိုင်လိုက်သည်။ဝမ်ရိပေါ် က ထိုင်လျက်အနေအထားဖြင့်ရှောင်းကျန့်၏ခါးကိုဖက်လိုက်ကာ အိပ်ရေးမဝအက်ရှရှအသံဖြင့်...
"ကျွန်တော့်ကိုထားခဲ့ပြီး ဘယ်ရောက်သွားတာလဲ..."
"မင်းရဲ့ ကုမ္ပဏီကဖုန်းဆက်လာတယ် ရိပေါ်..."
ဝမ်ရိပေါ်၏မျက်လုံးများပွင့်လာသည်။
"သူတို့ဘာတွေပြောလဲ..."
"ပြန်မသွားတော့ဘူးဆိုတာ သေချာပြီလား..."
ဝမ်ရိပေါ် ခေါင်းညိတ်ပြလိုက်ပြီး...