"ကျွန်တော်အခန်းခွဲအိပ်ချင်တယ် လေးလေး..."
တစ်ထပ်အိမ်၏အိမ်ရှေ့ခန်းမျက်နှာစာ၌ မနက်ခင်းသတင်းစာထိုင်ဖတ်နေသည့်ရှောင်းကျန့်က သူ့အရှေ့မတ်တပ်ရပ်ပြီးလာပြောနေသည့်ဝမ်ရိပေါ်ကိုတစ်ချက် မော့ကြည့်လိုက်သည်။ဝမ်ရိပေါ်၏သွင်ပြင်ကဆံပင် များရှုပ်ပွနေဆဲဖြစ်ပြီးအခုမှအိပ်ရာထလာဟန်ရှိသည် ကြောင့်...
"မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီး သပ်သပ်ရပ်ရပ်အနေအထားနဲ့ မနက်စာစားပွဲကိုလာခဲ့...ပြောချင်တာတွေကို မနက်စာစားပြီးမှဆက်ပြော..."
ရှောင်းကျန့်ကပြောပြီးသတင်းစာဘက်ကိုသာအာရုံပြန်စိုက်လိုက်ပြီဖြစ်သည်ကြောင့် ဝမ်ရိပေါ် "ဟုတ်ကဲ့"ဆိုသည့်စကားတစ်ခွန်းကိုသာပြောကာ အိမ်ရှေ့ခန်းမှနေ၍ အိမ်နောက်ဘက်ရှိ သန့်စင်ခန်းထဲသို့ဝင်သွားလိုက်၏။
သန့်စင်ခန်းထဲရောက်သည့်အခါဝမ်ရိပေါ်ကသွားတိုက်တံကိုကိုင်၍ သွားတိုက်ဆေးဘူးကိုယူကာ သွားတိုက်ဆေးကို ဘူး၏အောက်ခြေနေရာမှစ၍ စနစ်ကျစွာညှစ်ယူကာ သွားတိုက်တံပေါ်တင်လိုက်၏။သွားတိုက်ဆေးဘူးကိုနေရာတွင်နေရာတကျပြန်ထားပြီးနောက် မှန်ကိုကြည့်ကာနည်းစနစ်မှန်မှန်သွားတိုက်ခြင်းကိုစတင်တော့၏။
သွားတိုက်ခြင်းကိုငါးမိနစ်ခန့်ဝမ်ရိပေါ်အချိန်ယူပြီးသည့်အခါ သွားတိုက်တံကိုရေသေချာဆေး၊ ရေများပြောင်စင်အောင်ခါထုတ်၍ သွားတိုက်တံထည့်သည့်ဖန်ခွက်ထဲတွင်အသေအချာပြန်ထည့်လိုက်သည်။သန့်စင်ခန်း၏စင်မြင့်တစ်နေရာမှာတင်ထားသော မျက်နှာသုတ်ပုဝါအဖြူတစ်ထည်ကိုယူကာမျက်နှာသုတ်ပြီးနောက် ထိုမျက်နှာသုတ်ပုဝါကိုလျှော်ဝတ်များထည့်ရန်သတ်မှတ်ထားသော ခြင်းတောင်းထဲသို့ ထည့်လိုက်၏။
မျက်နှာသစ် သွားတိုက်ပြီးသွားသည့်ဝမ်ရိပေါ်က အိပ် ခန်းထဲသို့ပြန်ဝင်လာကာ မှန်ရှေ့တွင်ရပ်၍ဘီးတစ် ချောင်းကိုယူပြီးရှုပ်ပွနေသောဆံပင်များကိုသပ်ရပ် အောင်ဖီးသင်လိုက်၏။
ခေါင်းဖီးသွားပြီးနောက် ခေါင်းဖီးစဉ် ဘီး၌ကပ်ကျန် ညိခဲ့သောဆံပင်စတို့ကိုတစ်စမှမကျန်အောင်သေချာပြောင်စင်စွာပြန်ရှင်းကာ အခန်းထောင့်ရှိအမှိုက် တောင်းအသေးတစ်ခုထဲသို့စွန့်ပစ်လိုက်၏။ကြမ်းပြင်ပေါ်တွင်လည်းဆံပင်စများကျန်ခဲ့ခြင်းရှိမရှိ ပြန်လည်စစ်ဆေးလိုက်ပြီးသည့်အခါမှာတော့ အိပ်ခန်းထဲမှထွက်လာ၍ ထမင်းစားပွဲရှိရာ မီးဖိုခန်းဘက်သို့သွားလိုက်၏။