တက္ကသိုလ်ဒုတိယနှစ်များကျောင်းပြန်တက်ရမည့်ပထမနေ့ဖြစ်၏။
ရှောင်းကျန့်စက်ရုံသို့မသွားခင်ဝမ်ရိပေါ်ကို ကျောင်းလိုက်ပို့နေကျဖြစ်သည်ကြောင့်ဝမ်ရိပေါ်က ကားမောင်းသူဘေးကခုံတွင်နေရာယူပြီးပြီဖြစ်၏။ တစ်လမ်းတည်းမျက်စောင်းထိုးအိမ်မှာနေသူဖြစ်သောကျင်းရီသည်လည်းဝမ်ရိပေါ်နှင့်တစ်ကျောင်းတည်းဖြစ်သည်ကြောင့် ကျင်းရီကိုပါတစ်ခါတည်းခေါ်သွားပေးရန် ကျင်းရီအိမ်ရှေ့တွင်ရှောင်းကျန့်သူ့ကားကိုရပ်လိုက်သည်။
ကျင်းရီက သူထိုင်နေကျနေရာဖြစ်သော ကားနောက်ခန်းတွင်နေရာယူလိုက်ကာ လွယ်အိတ်ကိုဘေးချပြီး...
"မင်္ဂလာမနက်ခင်းပါ လေးလေး..."
"အင်း မင်္ဂလာမနက်ခင်းပါ...မနက်စာစားပြီးပြီလားကျင်းရီ..."
"စားပြီးပါပြီခင်ဗျ..."
"နေ့လယ်စာစားချိန်ရောက်ရင် ရိပေါ်ဆီက ယူစားဦး...ထည့်ပေးလိုက်တာတွေအများကြီး...သူတစ်ယောက်တည်းကုန်မှာမဟုတ်ဘူး..."
ရှောင်းကျန့်၏လောကွတ်ကိုကျင်းရီ "ဟုတ်ကဲ့"ဟုပြန်မပြောရသေးခင်...
"လာမယူစားနဲ့ မကျွေးနိုင်ဘူး...မင်းကိုယ့်ဟာကိုယ် ကန်တင်းကဟာဝယ်စား...ငတ်ကြီးလာမကျနဲ့..."
"ရိပေါ်...ကိုယ့်သူငယ်ချင်းကို ဘယ်လိုတွေပြောနေတာလဲ..."
"မကျွေးနိုင်ဘူးနော် လေးလေး...တစ်ယောက်တည်းတောင်မလောက်တာ..."
မျက်မှောင်ကြီးကျုံ့၍ပြောနေသည့်ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်နောက်ကြည့်မှန်ထဲကနေကျင်းရီကိုကြည့်လိုက်သည်။ကျင်းရီကမှန်ထဲကနေတစ်ဆင့်အသံတိတ် "အူပုတ်"ဆိုပြီးပါးစပ်လှုပ်ပြနေသည့်အခါရှောင်းကျန့်ခပ်ရေးရေးပြုံးလိုက်မိသည်။
ဒီကလေးကတကယ်ကိုမရ။အစားအသောက်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့ငယ်သူငယ်ချင်းအပေါ်ကိုလည်းမသိတတ်။ကျန်တာတွေအကုန်သင်ပေးလို့ရပေမယ့် ဒီတစ်ခုတော့အခုထက်ထိသင်ပေးလို့မရသေးတာဖြစ်သည်။
၄၅ မိနစ်ခန့်ကားမောင်းပြီးနောက် မေဂျာပေါင်းစုံကျောင်းသားများရှိသော တက္ကသိုလ်ဝန်းရှေ့သို့ရောက်ရှိလာကြ၏။ပထမဦးဆုံးကျောင်းပြန်ဖွင့်သည့်ရက်ဖြစ်တာကြောင့် တက္ကသိုလ်ဝန်းဂိတ်ကလူတိုးမပေါက်အောင်ဖြစ်လို့နေ၏။ရှောင်းကျန့်ကသူ့ကားကိုလူရှင်းသည့်နေရာတွင်ဘေးကပ်ရပ်လိုက်ပြီး...