Final (Unicode)

1.5K 143 14
                                    

ရည်ရွယ်ထားသည့်ကိစ္စတစ်ခုကြောင့်ဝမ်ရိပေါ်ဒီနေ့အလုပ် စောစောဆင်းလာသည်။အိမ်အပြန်လမ်းမှာ ရှောင်းကျန့်တစ်ခါက ကြိုက်တယ်ဟုပြောဖူးသော စားသောက်ဆိုင်တစ်ခုမှ ဘဲကင်ကိုလည်း တကူးတကဝင်ဝယ်ခဲ့သေး​၏။ပူပူနွေးနွေးဘဲကင်များမအေးစက်ခင်အိမ်ပြန်ရောက်လိုသည့် ဝမ်ရိပေါ်က ကားကိုပုံမှန်ထက်အနည်းငယ်မြန်သည့်နှုန်းဖြင့်မောင်းလာခဲ့သည်။

ဝမ်ရိပေါ် သူ့တစ်ထပ်အိမ်ခြံဝန်းရှေ့ရောက်သည့်အခါ ခြံတံခါးကတစ်ဆုံးထိပွင့်နေတာကိုတွေ့သည်။ထိုတင် မကသေး အဖွဲ့အစည်းတစ်ခု​၏အမှတ်တံဆိပ်ပါသော ကားတစ်စီးကိုလည်းတွေ့၍ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး" ဟူသည့်စာတန်းများပါသော ဆင်တူရှပ်အင်္ကျီများဝတ်ထားသည့်လူနှစ်ယောက်ကိုလည်းတွေ့​၏။

ဘာတွေဖြစ်နေမှန်းမသိသည့် ဝမ်ရိပေါ်က အရင်ဆုံးသူ့ကားကို ခြံထဲသို့မောင်းဝင်လာသည်။ကားပေါ်မှဆင်းလာကာ ခြံထဲမတ်တပ်ရပ်နေသည့် ရှောင်းကျန့်ကိုလက်ထဲက ဘဲကင်ပါဆယ်ဘူးအားကမ်းလိုက်ပြီး...

"ဘာဖြစ်လို့လဲ လေးလေး..."

အလုံပိတ်လှောင်အိမ်လိုမျိုးအရာကို ကားအနောက်ခန်းတွင်တင်ကာ ခြံထဲမှပြန်ထွက်သွားပြီဖြစ်သော ဝန်ထမ်းများကိုမျက်စိတစ်ဆုံးကြည့်၍ဝမ်ရိပေါ်မေးလိုက်သည်။ရှောင်းကျန့်က ဘာမှမဖြစ်ဘူးဟုသာဖြေသည်။

အမှန်တော့ ဒီနေ့ ညနေမစောင်းခင် ရှောင်းကျန့်တစ်ယောက် ခြံထဲကသူစိုက်ထားသည့်အပင်ပေါင်းစုံကိုရေလောင်းပေးခြင်းနှင့်ပေါင်းသင်ပေးခြင်းများလုပ်နေစဉ် ရှုပ်ယှက်ခတ်နေသည့် စတော်ဘယ်ရီအနွယ်ပင်များ​၏အောက်ခြေတစ်နေရာ၌မြွေတစ်ကောင်နှင့်ကြုံခဲ့ရတာဖြစ်​၏။ ထိုမြွေက ရှောင်းကျန့်ရှိရာသို့လှမ်းပေါက်ဖို့ ရွယ်ခဲ့တာဖြစ်ပြီး ရှောင်းကျန့်အရှောင်မြန်ခဲ့၍သာထိခိုက်ဒဏ်ရာမရခဲ့တာဖြစ်​၏။

ထိုမြွေက အဆိပ်ရှိသည့်မြွေအမျိုးအစားဖြစ်ပြီး ပတ်ဝန်းကျင်သို့လွတ်ထွက်သွားလျှင် အခြားသူများအတွက်အန္တရာယ်ဖြစ်မည်ကိုစိုးသည့်ရှောင်းကျန့်က သူကိုယ်တိုင်လည်း မသတ်ရက်သည့်အခါ တွေ့သည့်ရေပုံးတစ်ခုနဲ့ အုပ်ထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းကိုဖုန်းဆက် ခေါ်ခဲ့တာဖြစ်​သည်။ထို့ကြောင့်ထိုအဖွဲ့အစည်းမှလူများက ရှောင်းကျန့်ခြံထဲကမြွေကို တောထဲပြန်လွှတ်ပေးမည့်ရည်ရွယ်ချက်ဖြင့် လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်​၏။

BonsaiWhere stories live. Discover now