အပိုင်း(၁၂) Unicode

1.2K 128 7
                                        

နှုတ်ခမ်းချင်းထိကပ်နေသည်မှာ ဆယ်စက္ကန့်မျှရှိနေပြီဖြစ်သော်လည်းတွန်းဖယ်ရုန်းကန်သွားခြင်းမရှိဘဲကျောက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်နေသည့်ရှောင်းကျန့်ကိုဝမ်ရိပေါ်သူ့လက်တွေထဲမှလွတ်ထွက်သွားမည်စိုး၍အလားမလွှတ်တမ်းချုပ်ကိုင်လို့ထား​၏။

ဝမ်ရိပေါ်​၏လက်များတင်းကြပ်နေပုံကအင်္ကျီအကာအကွယ်အောက်မှာရှိနေသောရှောင်းကျန့်​၏ခါးထက်လက်ချောင်းရာများထင်ကျန်နေလောက်သည်အထိဖြစ်သည်။စိတ်ကူးထဲအကြိမ်ကြိမ်ထိတွေ့ဖို့မှန်းဆခဲ့သည့်နှုတ်ခမ်းပါးတို့အားအပြင်မှာအစစ်အမှန်ထိတွေ့နေရသည့်အခိုက်ဝမ်ရိပေါ်​၏ခံစားချက်များသည် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လို့နေ​၏။

အတွေးထဲပုံဖော်ခဲ့သည့်ပထမဦးဆုံးအနမ်းက နူးညံ့သော်လည်းတကယ့်လက်တွေ့မှာသူ့ဆန္ဒတွေကတားမရဆီးမရဖြစ်နေသလိုအသိစိတ်ကညင်သာပေးချင်သည့်တိုင်ခန္ဓာကိုယ်​၏လှုံ့ဆော်နေမှုကို သူ့နှုတ်ခမ်းတွေကလိုက်နာ၍မရ။

သူ့အတွက်တော့ရလေလိုလေဆိုသည့်စကားအဓိပ္ပာယ်အောက်မှာကိုယ်ချစ်ရသူ​၏နှုတ်ခမ်းပါးတွေကိုထိတွေ့နေရခြင်းကထိပ်ဆုံးကပါသည်။ဘာကြောင့်ရုန်းကန်ခြင်းမပြုလဲဆိုတာသူမသိပေမယ့်သူ့ဘက်ကလည်းအလွှတ်ပေးလိုက်ဖို့အစီအစဉ်မရှိတာဖြစ်သည်။

သူကိုယ်တိုင်ပင်အသက်ရှူရခက်နေပြီဖြစ်သည်ကြောင့်တစ်ဖက်ကလည်းမွန်းကြပ်နေလောက်ပြီဖြစ်သည်။သို့သော်နူးညံ့လွန်းသည့်နှုတ်ခမ်းပိုင်ရှင်ကိုသူ့အနမ်းတွေကြောင့်မေ့လဲသွားသည်အထိလုပ်ပစ်လိုက်ချင်သည့်စိတ် တွေကဦးနှောက်ထဲအပြည့်ရှိနေတာဖြစ်​ပြီး ဖြစ်နိုင်ရင်ဒီထက်ပိုပြီးကျူးလွန်ပစ်လိုက်ချင်တာဖြစ်သည်။

ထို့ကြောင့်ခါးပေါ်သို့ချုပ်ကိုင်ထားသည့်သူ့လက်ကိုလည်တိုင်ကျော့ကျော့ဆီသို့လှမ်းလိုက်သည်။နှုတ်ခမ်းပေါ်မှအနမ်းများလည်းပြတ်လပ်သွားခြင်းမရှိ လည်တိုင်တစ်လျှောက်လက်ချောင်းများနှင့်ညင်သာစွာပွတ်သပ်နေမိရင်း အနမ်းတို့ကိုနေရာရွှေ့ဖို့ဦးတည်လိုက်သည်။

"ဝမ်ရိပေါ်..."

ရှောင်းကျန့်​၏လည်တိုင်ကိုဝမ်ရိပေါ်သူ့နှုတ်ခမ်းတို့ဖြင့်ဖိကပ်တော့မည့်အခိုက်သူ့ရင်ဘတ်သည်ပထမဦးဆုံးတွန်းကန်မှုကိုခံလိုက်ရ​၏။တွန်းကန်မှုကအားမပြင်းသော်လည်း ရှေ့ဆက်မတိုးတော့ဖို့ဟန့်တားလိုက်ဟန်ရှိသည့်ရှောင်းကျန့်​၏အပြုအမူကြောင့်ဝမ်ရိပေါ်ရပ်တန့်လိုက်သည်။

BonsaiWhere stories live. Discover now