အပိုင်း(၁၁) Unicode

1.2K 131 12
                                        

နောက်လမှာရှိသည့် တက္ကသိုလ်ပေါင်းစုံချစ်ကြည်ရေးဘောလုံးပွဲအတွက် လေ့ကျင့်ရန်ဘောလုံးကွင်းထဲ၌အသင်းသားများအစုံရောက်လို့နေကြ​သော်လည်း ဝမ်ရိပေါ် အခုထိမသွားနိုင်သေး။အဝတ်စားခန်း​၏သန့်စင်ခန်းထဲမှထွက်လာပုံရသည့်ဝမ်ရိပေါ်ကဝမ်းဗိုက်နေရာကိုလက်နဲ့ထိန်းကိုင်လို့လာကာ နှုတ်ခမ်းတို့ကအနည်းငယ်ဖြူဖျော့လို့နေ​၏။

မနက်တုန်းကအိမ်မှာသူကြိုက်နှစ်သက်သည့်ဖက်ထုပ်ခေါက်ဆွဲဲပြုတ်ချက်သည်ကြောင့်တစ်ပွဲကုန်အောင်စားခဲ့သော်လည်း၊ ကျောင်းရောက်လာကတည်းက ပျို့အန်ခဲ့တာယခုနဲ့ဆို လေးခေါက်မြောက်ရှိလို့နေပြီဖြစ်​၏။အစာမကြေထားသည့်အပြင်၊ နေလို့မကောင်းဖြစ်နေသည့်အရှိန်ကြောင့်နေ့လယ်စာလည်းစားထားခြင်းမရှိကာ အစာမရှိဘဲထပ်အန်လို့နေတာဖြစ်သည်။

ဘောလုံးနည်းပြနှင့်အသင်းသားများသည် တိုက်စစ်မှူးဖြစ်သော ဝမ်ရိပေါ်ကိုစောင့်နေကြခြင်းဖြစ်ပြီး ဝမ်ရိပေါ်ဝင်လာသည်ကိုတွေ့သည့်အခါ လေ့ကျင့်ရေးကိုစဖို့ နည်းပြက ဝီစီမှုတ်လိုက်သည်။ သူနေထိုင်မကောင်းဖြစ်နေခြင်းကို ရေးကြီးခွင်ကျယ်မလုပ်လိုသည့်ဝမ်ရိပေါ်က ဘာမှမဖြစ်သလိုဖြင့် လေ့ကျင့်ရေးဝင်သည်။

"ရိပေါ်...ပြေးတာနည်းနည်းအားစိုက်..."

နည်းပြဖြစ်သူလှမ်းအော်ပြောလိုက်သည်ကြောင့်ဝမ်ရိပေါ် ပြေးနေခြင်းကိုအရှိန်တင်လိုက်သည်။အားသွန်ခွန်စိုက်ပြေးနေရင်းတစ်မိနစ်ခန့်ကြာသည့်အခါ ဝမ်ရိပေါ်​၏မျက်လုံးများပြာဝေလို့သွားကာ၊ နားထဲ "တီ"ဆိုသည့်အသံရှည်တစ်ခုနှင့်အတူ ခေါင်းထဲတရိပ်ရိပ်ဖြစ်လို့သွားပြီး မြက်ခင်းပြင်ပေါ်လဲကျလို့သွား​၏။

"ရိပေါ်..."

"ရိပေါ်..."

"ရရဲ့လားရိပေါ်..."

နောက်တန်းမှာကစားနေသည့်ကျင်းရီက ဝမ်ရိပေါ်လဲကျသွားသည်ကိုမြင်သည့်အခါ အနီးသို့ပြေးလာခဲ့သည်။ ဝမ်ရိပေါ်​၏မျက်နှာနှင့်နှုတ်ခမ်းများမှာဖြူဖျော့လို့နေပြီး၊ တစ်ကိုယ်လုံးအေးစက်ကာချွေးများထွက် လို့နေ​​၏။ ပင်ပန်းလို့လဲကျသွားသည်အထင်ဖြင့်ရေသောက်စေလိုက်သော်လည်း ဝမ်ရိပေါ်​၏အစာအိမ်ကလက်မခံနိုင်ဘဲ ရေပင်မြိုချ၍မရသည့်အခါ ဝမ်ရိပေါ် ကို တက္ကသိုလ်ဆေးပေးခန်းသို့ခေါ်သွားဖို့ဖြစ်လာရ​၏။

BonsaiWhere stories live. Discover now