အလုပ်မှပြန်လာသည့်ရှောင်းကျန့်ကအိမ်ကိုတန်းမပြန် သေးဘဲ စိုက်ပျိုးရေးဆိုင်အတွင်းတွင် အပင်အမျိုးမျိုး၏ နမူနာပုံစံများနှင့်မျိုးစေ့လေးများကိုစိတ်ဝင်တစားလိုက်ကြည့်လို့နေ၏။ပန်းအိုးထဲမှာစိုက်ပျိုးထားသောစတော်ဘယ်ရီအပင်လေးကိုတွေ့သည့်အခါဝန် ထမ်းတစ်ဦးအား...
"ဒီစတော်ဘယ်ရီပင်လေးတွေက အိမ်မှာစိုက်လို့ဖြစ်ထွန်းပါ့မလား..."
"ဟုတ်ကဲ့ ဒီအမျိုးအစားကမြေမရွေးပါဘူး...မြေနေရာမရှိတဲ့သူတွေကပန်းအိုးထဲမှာစိုက်လည်းရသလို၊မြေကျယ်ကျယ်ဝန်းဝန်းတတ်နိုင်တဲ့သူကတော့သဘာဝမှာပေါက်တဲ့ပုံမျိုး မြေလျှောက်ပင်လေးတွေလိုစိုက်လို့လည်းရပါတယ်...ဒါပေမယ့်တော်တော်တော့ဂရုစိုက်ရတယ် အချိန်ပြည့်စောင့်ကြည့်ပေးနိုင်မှ..."
ဝန်ထမ်းလေးရှင်းပြနေသည်ကိုရှောင်းကျန့်ဂရုတစိုက်နားထောင်သည်။စိုက်ကြည့်သင့် မစိုက်ကြည့်သင့် ဝေခွဲမရတွေးနေဟန်ရှိသည်ကြောင့်...
"တကယ်လို့ စားဖို့မဟုတ်ဘဲအလှစိုက်တာမျိုးဆိုရင်တော့ စတော်ဘယ်ရီအစား ချယ်ရီခရမ်းချဉ်သီးလေးတွေစိုက်ကြည့်ပါလား...သဘောတရားကအတူတူပဲဆိုပေမယ့် သူတို့ကစတော်ဘယ်ရီလောက် လက်မဝင်ဘူး..."
ဝန်ထမ်းလေးအကြံပေးမှုကို ရှောင်းကျန့်စဉ်းစားရင်းခေါင်းညိတ်လိုက်သည်။အစမ်းစိုက်ကြည့်ရန်အတွက် ချယ်ရီခရမ်းချဉ်သီးမျိုးစေ့တွေထဲမှ အကောင်းဆုံးတစ်ထုတ်ကိုယူကာ ကောင်တာတွင်ငွေရှင်းဖို့လုပ်၏။
"အစ်ကို..."
အနီးကပ်မှခေါ်သံကြောင့်ရှောင်းကျန့်လှည့်ကြည့်မိတော့ မမြင်တာအတော်ကြာနေပြီဖြစ်သောထျန်းဟွေ့လင်ကိုတွေ့သည်။ထျန်းဟွေ့လင်၏ဘေးတွင်တော့မိုးပြာရောင်ဂါဝန်လေးဝတ်ထားသည့် ၃ နှစ်သားအရွယ်ကလေးမလေးတစ်ဦးကိုတွေ့၏။ကလေးမလေးကဆံပင်ရှည်လေးကိုကျစ်ဆံမြီးလေးနှစ်ဖက်ခွဲကျစ်ထားပြီး နဖူးပေါ်ဆံမြိတ်လေးများချထားခြင်းဖြစ်ကာအလွန်တရာချစ်ဖွယ်ကောင်းသည့်မျက်နှာကြည်ကြည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်၏။