"တူဝရီးနှစ်ယောက်ကြားမှာ ဘာကိစ္စတွေဖြစ်နေလဲ သေချာမသိပေမယ့် ဘာပဲဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ ဦးလေးယန်အကြံပေးချင်တယ်...ကိုယ်ကလူကြီးဖြစ်တဲ့အတွက်ကြောင့်တစ်ခုခုဆို စိတ်လိုက်မာန် ပါမလုပ်ဘဲ ကလေးကိုချော့မေးချော့ပြောဟုတ်ပြီလား..."
"ကျွန်တော်နားလည်ပါတယ်..."
"အဲ့တာဆို ဦးလေးယန် ပြန်ဦးမယ်...ညနေစာချက်ပြီးသားမလို့ စားခါနီးလေးပြန်နွှေးလိုက်ရုံပဲ..."
"ဟုတ်ကဲ့ပါ..."
ဦးလေးယန် အိမ်မှထွက်သွားပြီးနောက် ရှောင်းကျန့် ဝမ်ရိပေါ်အခန်းရှိရာသို့လျှောက်သွား၏။အခန်းတံခါးကိုဖွင့်ဖို့လုပ်လိုက်သော်လည်းသော့ခတ်သွားဟန်ရှိသည်ကြောင့် တီဗီစင်အောက်ရှိအံဆွဲထဲတွင်ရှောင်းကျန့်တံခါးသော့အားရှာဖွေနေသည်။သို့သော်ထိုတံခါးသော့ကိုပါအပါယူသွားပုံရသည့်အခါစက္ကူညှပ်သည့်ကလစ်တစ်ခုကိုအသုံးပြု၍ အခန်းတံခါးလော့ခ်ကိုရှောင်းကျန့်ဖွင့်ဖို့ကြိုးစား၏။
ခက်ခက်ခဲခဲကြိုးစားပြီးသည့်အခါပွင့်လို့သွားသောတံခါးကိုရှောင်းကျန့်တွန်းဖွင့်ကာအခန်းထဲဝင်လို့သွားသည်။ရှေးဦးစွာရှောင်းကျန့်က ဝမ်ရိပေါ်၏စာကြည့်စားပွဲရှိအံဆွဲများကိုတစ်ခုချင်းစီဆွဲဖွင့်ပြီးအံံဆွဲထောင့် များပါမချန် အထဲကိုနှံ့နှံ့စပ်စပ်ရှာဖွေသည်။စီးကရက်ဘူးနှင့်တူသည့်အရာများတစ်စုံတစ်ခုမှမတွေ့ရှိသည့်အခါ အံဆွဲများကိုပြန်ပိတ်၍ဝမ်ရိပေါ်၏အဝတ်ဗီဒိုကိုဖွင့်လိုက်၏။
ဗီဒိုအပေါ်ဆုံးထပ်မှစ၍အဝတ်စားတစ်ထပ်ချင်း တစ် လွှာချင်းစီကိုစနစ်တကျဖယ်ရှားကာနေရာလပ်မချန်တစ်ဆင့်ချင်းလိုက်လံရှာဖွေနေရင်းမျက်စိထောင့်မှမြင်လိုက်ရသည့်လူရိပ်ကြောင့်အခန်းအဝင်ဝကိုကြည့်လိုက်သည်။ဝမ်ရိပေါ်က အခန်းအဝင်ဝတံခါးဘောင်၌ ကိုယ်ကိုမှီ၍ရပ်ကြည့်နေခြင်းဖြစ်ပြီးဝမ်ရိပေါ်ရှိရာသို့ရှောင်းကျန့်လျှောက်လာကာ...
"မင်းဘယ်ကပြန်လာတာလဲ..."
ဝမ်ရိပေါ်ပြန်ဖြေခြင်းမရှိဘဲ ဘာမှမဖြစ်သလိုပုံမျိုးဖြင့်သူ့အိပ်ရာထက်ဝင်ထိုင်သည်။