Extra မဟုတ်ပါ။ 🎁

933 62 10
                                    

ခေါင်းစဉ်အတိုင်း Extra မဟုတ်ပါ။သူငယ်ချင်းတို့ကို ရောင်းရင်း သီချင်းလေးတစ်ပုဒ်ဘာသာပြန်ပြီးလက် ဆောင်လာပေးရုံပါ။

သူငယ်ချင်းတို့တွေ လမ်းလျှောက်ရင်း လမ်းပျောက်သွားတဲ့ အခိုက်အတန့်တွေကိုခံစားဖူးကြမှာပါ။

ရောင်းရင်းတို့တွေ ဝါသနာနဲ့ လက်တွေ့ ထပ်တူကျတဲ့လူတွေဆိုတာ ရှားပါတယ်။

ကိုယ်ဖြစ်ချင်ကြတာနဲ့ ကိုယ့်ကိုဖြစ်စေချင်ကြတာတွေ မတူညီလာတဲ့အခါ...တချို့ကျတော့ ခင်းပေးထားတဲ့ လမ်းကိုပဲဆက်လျှောက်လိုက်ကြပါတယ်။တချို့ကျတော့ မာနစွဲလေးတွေနဲ့ အတိုက်အခံလေးတွေလုပ်ရင်း ကိုယ့်ကိုပျိုးထောင်ပေးခဲ့တဲ့သူတွေရဲ့ဝေးရာ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ဝေးရာမှာ အိပ်မက်တွေနောက် ပြေးလိုက်ကြပါတယ်။

အိပ်မက်တွေနောက်လိုက်ရင်းလမ်းတစ်ဝက် အရောက်မှာ ခုနကလို လမ်းလျှောက်ရင်း လမ်းပျောက်သွားတဲ့ခံစားချက်မျိုး ဝင်လာတတ်ပါတယ်။

ရုတ်တရက်ကြီးဦးတည်ချက်တွေပျောက်ဆုံးသွားပြီး ငါလျှောက်နေတဲ့လမ်းက မှန်ရဲ့လားဆိုတဲ့ အတွေးထဲမှာပိတ်မိနေကြပြီး၊ ငါဒီလမ်းကိုတကယ်လျှောက်ချင်ခဲ့တာရောဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တွေပြန်ဝင်လာမိတတ်ကြပါတယ်။

အရှေ့ကိုကြည့်လိုက်တော့လည်း သွားရမယ့်လမ်းက အဝေးကြီးကျန်သေးသလိုအနောက်ကို ပြန်ကြည့်လိုက်တော့လည်း ကိုယ်ချန်ထားရစ်ခဲ့သူတွေနဲ့ အဝေးကြီးဖြစ်နေတာကို သတိထားမိလာတတ်ကြပါတယ်။

အဲ့လိုအချိန်မျိုးတွေမှာ...

တချို့က နောက်ပြန်လှည့်မကြည့်ဘဲစိတ်ပိုင်းဖြတ်ပြီး ကိုယ့်မူလဦးတည်ချက်ကိုအရောက်သွားကြပါတယ်။

တချို့က ကိုယ့်ဘဝမှာဘာအရေးကြီးဆုံးလဲဆိုတာ နောက်တစ်ကြိမ်ပြန်သုံးသပ်မိကြတဲ့အခါ ဆန္ဒတွေကိုရုတ်သိမ်းပြီး နောက်ပြန်ဆုတ်ကြပါတယ်။

အဲ့ဒီထဲမှာ တချို့ကတော့ ရှေ့လည်းဆက်မတိုး နောက်လည်းပြန်မဆုတ်တော့ဘဲ အလယ်မှာပဲ ကန့်လန့်တိုက်ရင်း ရည်မှန်းချက်တွေနဲ့ရော ကိုယ်ချစ်တဲ့သူတွေနဲ့ပါ ဝေးကွာသွားကြပါတယ်။

BonsaiWhere stories live. Discover now