"ကိုင်ကြည့်ပါလား..."
ဝမ်ရိပေါ်က သူ့ရှေ့ရပ်ပြီး ရှပ်အင်္ကျီဝတ်ပေးဖို့ပြင်နေသည့် ရှောင်းကျန့်၏လက်ကိုဆွဲယူကာသူ့ဝမ်းဗိုက်ကြွက်သားများပေါ်သို့တင်လိုက်၏။ဒီသုံးနှစ်ကျော်ဆိုသည့်အချိန်ကာလအတွင်းဝမ်ရိပေါ် ကျောင်းစာဘက်မှာသာမက၊ ဘောလုံးကစားခြင်းနှင့်အတူ gym ပါတွဲဆော့ခဲ့သည်ကြောင့်ကိုယ်လုံးကိုယ်ထည်က လွန်ခဲ့သည့်နှစ် တွေကထက်ပိုမိုတောင့်တင်းလာတာဖြစ်၏။
"ကြိုက်တယ်မလား လေးလေး..."
ဝမ်ရိပေါ် ပြုံးတုံ့တုံ့မျက်နှာထားဖြင့် ရှောင်းကျန့်၏ လက်ကို သူ့လက်မောင်းများပေါ်ဆုပ်ကိုင်စေလိုက်ပြန်၏။လက်မောင်းတို့ကလည်း ရှောင်းကျန့်၏ လက်နှင့် ပင်သိပ်မဆန့်ချင်တော့။
"ဘယ်အချိန်ကြည့်ကြည့်အားကိုးချင်စရာကြီးနော်..."
ဝမ်ရိပေါ်သူ့ကိုယ်သူဂုဏ်ယူစွာပြောပြီး ရှောင်းကျန့်၏လက်ကို သူ၏တောင့်တင်းလှသော ရင်ဘတ်ပေါ် ရွေ့ဖို့ထပ်လုပ်လိုက်သည့်အခိုက်...
"နောက်ပြောင်ဖို့အချိန်မရှိဘူး ရိပေါ်...ဟိုရောက်ရင် မင်း speech ပြောဖို့အတွက် rehearsal အချိန်ကလည်းရှိသေးတယ်..."
"rehearsal လုပ်ဖို့မလိုတော့ပါဘူးဆို...လိုနေတာကတစ်ခုတည်း..."
ဝမ်ရိပေါ်ပြောရင်း သူ၏ရှပ်အင်္ကျီအပေါ်ဆုံးကြယ်သီးများကိုတပ်ပေးနေသည့်ရှောင်းကျန့်နှင့်မျက်နှာချင်းနီးကပ်လိုက်၏။
"speech ပြောရင် အထစ်အငေါ့မရှိဘဲ ပိုပြီးပါးစပ်သွက်သွားအောင်လို့နှုတ်ခမ်းပေါ်အနမ်းလေးတစ်ချက် လောက်မပေးချင်ဘူးလား..."
သွားရမည့်အချိန်ကလည်းကပ်လာပြီဖြစ်၍အခြေအတင်မပြောချင်တော့သည့်ရှောင်းကျန့်ကကြည်ဖြူစွာအသာတကြည်ဖြင့်ဝမ်ရိပေါ်၏နှုတ်ခမ်းများကိုထိတွေ့လိုက်သည်။သို့သော်အနမ်းတစ်ချက်နဲ့ဘယ်သောအခါမှမလုံလောက်သည့်ဝမ်ရိပေါ်ကပြင်းပြင်းရှရှဖြင့် အကြာကြီးအချိန်ယူနေသည်ကြောင့် အတင်းဖယ်ထုတ်လိုက်ရပြီး...
"အင်္ကျီတွေတွန့်ကြေသွားအောင် မလုပ်နဲ့လေ ရိပေါ်... အများအမြင်မှာမတင့်တယ်ဘဲနေလိမ့်မယ်..."