"လေးလေး ဘာလုပ်နေလဲ..."
"ဘာလို့ စာတွေခဏခဏပို့နေတာလဲ ရိပေါ်...စာသင်ချိန်တွေမဟုတ်ဘူးလား..."
"ဖုန်းအသစ်ကိုစမ်းကြည့်နေတာ..."
"မဟုတ်တာတွေလုပ်မနေနဲ့ စာကိုအာရုံစိုက်..."
"ဘာဖြစ်လို့လဲ ပို့လို့မရဘူးလား...လေးလေးကျတော့ ပို့ချင်တဲ့အချိန်ပို့ပြီးတော့ ကျွန်တော်ကျတော့ ဘာလို့ပို့ချင်တဲ့အချိန်ပို့လို့မရတာလဲ..."
ဝမ်ရိပေါ် ထိုသို့မချေမငံ ပုံစံမျိုးစာရေးလိုက်သော်လည်း မပို့ဝံ့သည်ကြောင့်စာကိုပြန်ဖျက်လိုက်ပြီး..
"ဟုတ်ကဲ့လေးလေး..."
Lecture ခန်းမထဲ၌အရှေ့ကစာသင်ပေးနေသည့်ဆရာကိုဝမ်ရိပေါ်အာရုံမရနိုင်ဘဲ ခုံပေါ်ခေါင်းကိုဘေးတစောင်းတင်ကာ လက်ထဲကဖုန်းကိုဆက်ကြည့်နေလိုက်သည်။သူလည်းလေးလေးသူ့ကွယ်ရာမှာဘာတွေလုပ်နေလဲဆိုတာသိချင်တယ်လေ။
"တူလေး ဆီကလား..."
ရှောင်းကျန့်၏ရုံးခန်းထဲရောက်နေသည့် ထျန်းဟွေ့လင်က ရှောင်းကျန့်ကိုမေးလိုက်သည့်အခါရှောင်းကျန့်က ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြလိုက်၏။ထျန်းဟွေ့လင်အနေနဲ့ရှောင်းကျန့်၏ရုံးခန်းထဲရောက်နေရသည့်အကြောင်းပြချက်မှာ သူတို့ကုမ္ပဏီမှထုတ်လုပ်သည့် brand များ၏ ကုန်ကြမ်းများမည်သို့မည်ပုံထုတ်လုပ်သည်ကို အနီးကပ်လေ့လာချင်၍ ဆိုသည့်အကြောင်းပြချက်ကြောင့်ဖြစ်၏။
တစ်နေ့က ထိုအချက်ကိုအကြောင်းပြ၍ ရှောင်းကျန့် ဆီသို့ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပြီး၊ လူမှုရေးအရရှောင်းကျန့်ဘက်ကလည်းငြင်းဆန်မှုမရှိခဲ့ရာ ဒီနေ့တွင် ထျန်းဟွေ့လင်အား စက်ရုံလုပ်ငန်းနှင့်ပတ်သက်၍လိုက်ပြပေးဖို့ဖြစ်လာရ၏။သို့သော် ရှောင်းကျန့်၏ရုံးခန်းထဲကိုမနက် ၁၀ နာရီမတိုင်ခင်ကတည်းကရောက်ရှိလာသည့် ထျန်းဟွေ့လင်က စက်ရုံလုပ်ငန်းနှင့်ပတ်သက် ၍လိုက်ပြသဖို့ပြောဆိုခြင်းမရှိသေးဘဲအချိန်ယူနေတာဖြစ်၏။
"ပါးဆီက ကြားရတာ အစ်ကို့ရဲ့တူလေးက ဒုတိယနှစ်ရောက်နေပြီဆို..."