Part 4 (Uni+Zawgyi)

2.6K 105 24
                                    

Uni

ဥသြသံ​လေး​တွေစကြားရပြီးတစ်​ကျောင်းလုံး ငြိမ်​နေကြပြီဆိုရင် ဒါ အတန်းတင် စာ​မေးပွဲနီး​နေလို့ ပါ ။ တစ်​ကျောင်းလုံး ပထမနှစ်က​နေ final part 2 အထိ စာ​မေးပွဲအချိန်စာရင်း​ကြော်ငြာထားပါပြီ။ တစ်နှစ်လုံးစာ မလုပ်တဲ့​အကောင်​​တွေတောင် စာအုပ်ပုံထဲ​​ခေါင်းစိုက်​နေပါပြီ။ မနှစ်က တစ်နှစ်ကျခဲ့တဲ့ သူ​တွေဆို လုံးဝကို ​ကြောက်လန့်​နေပါပြီ။ ဒီနှစ်ထပ်ကျရင် ​ကျောင်းထွက်ရမှာပါ ။ ​ဆေး​ကျောင်းမှာ ၁နှစ်ပဲ ကျခွင့် ရှိပါတယ် ။ ၂နှစ်ဆက်တိုက်ကျတာ ဆိုရင်​တော့ ​ဆေး​ကျောင်းက ထွက်ရပါပြီ။

"သား​လေး ဘယ်လဲ "

"ကို​ပြည့်ဖြိုးမောင်ဆီ "

​"အေး​အေး ဆိုင်ကယ် ​ဖြေး​ဖြေးစီး "

သူရ ည​နေဘက် ကို​မောင့် အိမ်ဘက်ထွက်ခဲ့၏။  ကို​မောင်ကြိုက်တဲ့ပူတင်း ​ပေါင်မုန့် ၃ထုပ် ကိုင်ကာ သွားလိုက်သည်။

🎶တီး​တောင်

"ဘာလာလုပ်တာလဲ
ဒီ​လောက် စာ​မေးပွဲနီး​နေတာကို လမ်းသလား​​​နေတာလား "

​"ရော့ "

ကိုဖြိုး စကား​တောင် မဆုံး​သေးဘူး ဆိုင်ကယ်​ပေါ်က​နေ မုန့်ထုပ်ရယ် ၊ သူစား​နေကြ အချဥ်ထုပ်ရယ် ​ပေးပြီး ချက်ချင်းပြန်သွား၏။ သူရ စိတ်ဆိုးသွားတာပါ ။ လက်ထဲမှာ စာအုပ်​လေး ကိုင်လာတာမို့ စာ​မေးချင်တာ ​နေမှာလို့မ​တွေးမိတဲ့ သူ့ကိုယ်သူအပြစ်တင်မိ၏။

📞Hello ​မောင်သူရ နဲ့ ​တွေ့ချင်လို့ပါ

📞ဖိုးသားအိပ်​နေပါပြီ
ဘယ်သူလို့​ပြော​ပေးရမလဲ

ကိုဖြိုးတစ်​ယောက်လန့်သွားတာက​တော့ ည ၉နာရီ​တောင်မရှိ​​သေးဘူး အိပ်သွားပြီဆိုတာပဲ။ ​နောက်တပတ် စာ​မေးပွဲမို့ private study ​ပေးထားတာကိုစာတစ် လုံးမှမကျက်ဘဲအိပ်​နေတဲ့ ​​မောင်သူရကို ​ဒေါသ ထွက်မိတာ​တော့အမှန်ပါ ။ သူဆို ည ၁နာရီ ၂နာရီအထိ​တောင် ​​နေပြီးစာဖတ်တာပါ ။ သူရသာ စာ​မေးပွဲကျရင် သူ့ဒယ်ဒီ ဆရာကြီးကို ဘယ်လို မျက်နှာပြရမှန်းမသိ​တော့ပါ ။ ဆရာကြီး ​သေ​သေချာချာ အကူအညီ ​တောင်းထားတာမို့ပါ။

Always by your side (Completed)Where stories live. Discover now