Uni
"အာာ ဖွားဖွား!!!
ကိုမောင် ဖွားဖွားလာတယ် "ခြံရှေ့က ကားသံကြားလို့ ကြည့်လိုက်တော့ ဖွားဖွားနဲ့သူလူယုံ ဦးလှ တို့နှစ်ယောက်ပါ ။ သူရလည်း ခြံတံခါးဖွင့်ပြီးအမြန်ထွက်ကြိုလိုက်၏။
"ဖွားဖွား
သားက လွမ်းနေတာ ""ငါ့မြေးတွေ မလာလို့ ဖွားက လိုက်လာရတာပေါ့ "
ပြည့်ဖြိုးမောင်နဲ့ သူရ ပြင်ဦးလွင်မတက်ဖြစ်တာ ကြာပါပြီ ။ အတန်းတင် စာမေးပွဲက ဖြေဖို့ ၁လ လောက်သာ လိုပါတော့သည်။ သူလည်း စာအုပ်ပုံထဲခေါင်းစိုက်နေပါပြီ။ မောင်သူရ ရှိလို့သာ တော်သေး၏။ မရှိရင် ရူးတောင်သွားအုန်းမည်။ ဆေးကျောင်းသားတွေ ရူးသွားတယ်ဆို exam stress တွေကြောင့်ပါ ။ ဘာ stress မှ မရှိတာကတော့ 2nd MB ကျောင်းသားကြီး မောင်သူရပါ ။ အရမ်းတွေပေါ့ပါးလွန်းလို့မုန်းမိ၏။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆို ဘောလုံးကန်မပျက်၊ တောင်တက်မပျက်ပါ ။ ဒါတောင်သူ့ကို ထမင်း ၃နပ်သေချာ ခူးကျွေးသေးတာပါ ။ 2nd MB ဆိုတာ ဆေးကျောင်းသားတွေ အခက်ခဲဆုံး စာမေးပွဲပါ။
"ဖွားဖွား သားတစ်ခုလောက် ပြောချင်လို့ "
"ပြောလေ သားလေး"
"သားစာမေးပွဲပြီးရင် မောင်သူရနဲ့ ရန်ကုန် ၂ပတ်လောက် လိုက်သွားချင်တယ်"
"သွားလေ မြေးလေးရဲ့ အပန်းဖြေခဲ့
ဖွားဖွား မုန့်ဖိုးပေးခဲ့မယ် ""ဒါကြောင့်ဖွားကိုချစ်တာ
ဖိုးသား မင်းကကော ငါ့ကို ခေါ်လား ""ဟာာာ ကိုမောင်ရာ
ကျနော်က ပျော်လွန်းလို့
ဖွားဖွား သားလည်း ကိုမောင်ပြန်လာရင် ပြင်ဦးလွင် လိုက်နေမယ် ""စိတ်ကြိုက်ပါ သားသူရ လေးရယ် "
မောင်သူရ အရမ်းပျော်သွားတာက ကိုမောင်က သူ့ကို မိသားစု လို သတ်မှတ်လာတာကိုပါ ။ အခု ဆို မောင်သူရလို့တောင် မခေါ်တော့ဘဲ သူ့ဒယ်ဒီနဲ့တီကြီးပြောတဲ့နာမည် ဖိုးသားဆိုတာကြီးပဲ ပါးစပ်ကမချပါ။အခု သူတို့က နောက် ဆုံးအတန်းတင်စာမေးပွဲကြီးမကြာခင် ဖြေရတော့မှာပါ ။ ၁နှစ်ခွဲဆိုတဲ့အချိန်ကြီးမှာ ရန်ဖြစ်လိုက်ပြန်ချော့ လိုက်နဲ့ ဘယ်လိုတောင် ကုန်သွားမှန်းမသိပါ ။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်