Uni
"ဟင်းးး မာမီ
ချမ်းတယ် ""အမ် အာာ ဖိုးသားဖျားနေပြီ "
ပုဂံက ပြန်ရောက်တဲ့ညမှာဘဲ ဖိုးသား အဖျားတွေ တက်နေတာ ပါ ။ သူလည်း အတတ်နိုင်ဆုံးပြုစု ပေးပြီး အဖျားကျအောင် လုပ်ထားရသည်။ ဆောင်းတွင်း ကြီးကို ပူကျစ်နေအောင် အဖျား တက် နေတာမို့ ဆေးအိတ်ထဲမှာ ဆေး ရှာပြီး တိုက်ရတော့သည်။ အဖျား ကြီးပြီး သူ့ကိုယ်သူ ဆေးသောက်မှန်း မသိပေမယ့် လူကို ဖက်ထားတာတော့ တင်းကျပ်နေတာပါပဲ ။
"ဖိုးသားလေး အေးလို့လား "
"ဟုတ် "
"လာ ကိုမောင်ဖက်ထားမယ် "
"ဟုတ် "
"ကျွတ်ကျွတ်
ကိုမောင့် ကလေးလေး အဖျား အမြန်ကျပါစေ "ပြည့်ဖြိုးမောင်တစ်ယောက်အမေကြီးလို ဖိုးသားကို ရင်ခွင်ထဲမှာ ထားပြီး တစ်ညလုံး ဖက်ထားရ ၏။ မိုးလင်းခါနီးဖိုးသား အဖျားကျမှသူလည်း စိတ်ချပြီး အိပ်ပျော်တော့သည်။
"ဖိုးသား !!"
"ဗျာ "
ညတုန်းကသာဘာမှန်းမသိတာ မနက်လင်းတော့ အိပ်ပျော်နေတဲ့ကိုမောင့်ကို ရင်ခွင်ထဲသွင်းပြီး နဖူးလေး ကို နမ်းလိုက်၏။ ရဲဆိုနေတဲ့ နှုတ်ခမ်းလေးကို ရန်ရှာခါနီး ကိုမောင်က နိုးလာပြီမို့ ပြုံးပြလိုက်၏။
"နေကောင်းပြီလား "
"ဟုတ်
ကျနော့ရဲ့ ချစ်သူက ဆရာဝန်ဆိုတော့
နေမကောင်းလည်းအေးဆေးပဲ
ပြွတ်စ်!!! ""တော်ရုံပဲ မျက်နှာပြောင် ဖိုးသားလေး
Antibiotic (ပိုးသတ်ဆေး) ၃ရက်သောက်ရမယ်
အဖျား မကြာအောင်လို့ စာမေးပွဲက ၂လပဲ လိုတော့တာနော် ""Antibiotic ကြီးမသောက်ချင်ဘူး "
"မသောက်လို့မရဘူး "
"သောက်ပြီးရင် အားမရှိသလိုကြီး "
"ကိုမောင်က အားဆေး တိုက်မှာပေါ့
ပြွတ်စ် !!!"နေမကောင်းတဲ့လူကလည်း သူက နှုတ်ခမ်းနဲ့ ရွယ်ရုံ ရှိသေးတယ် သူ့ နှုတ်ခမ်းတစ်ခုလုံး ဝါးမျို ပစ်လိုက်တော့သည်။ နေသာမကောင်းလို့သာ အသက် ၂၀ ရွယ်ကောင် လေးက အားတော့အင်မတန်ကောင်း၏။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်