Uni
"ပြွတ်စ် !!!ထတော့လေ သဲ "
"ခဏလေး "
"Morning kiss ပေးအုန်း"
"ပြွတ်စ် !!!"
ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ သူ့ကောင်လေးကို အနမ်းနဲ့ နိုးလိုက်၏။ကိုမောင်မသွားခင်လေးမှာ အတတ်နိုင်ဆုံး စိတ်ချမ်းသာ အောင်ထားလိုက် ပါသည်။ နှစ်ယောက်လုံး နန်းရှေ့အိမ်မှာ ရောက်နေ၏။ ကိုမောင်လိုအပ်သမျှကိုလည်း ဖြည့်စည်းပေးဖို့ပါ ။ အခု အပျင်းလေးက ဆေးရုံသွားရမှာကို မထသေးဘဲ ရင်ခွင်ထဲအတင်းတိုးဝင်နေ၏။ သူထမယ်လုပ်တာလဲ မသွားခိုင်းပါ ။
"ယောကျာ်းကို အရမ်းချစ်တာလား"
"အင်း "
ဘယ်လို ယုံရမှာလဲ
"ယောကျာ်း လုပ်ချင်တာ လုပ်ခွင့်ပြုတယ် "
"ပြွတ်စ် ပြွတ်စ် !!!!
ဘာလေးလည်းကွာ
ဟိုရောက်လို့ယောကျာ်းကို မေ့သွားရင် ဘယ်လိုလုပ်မလဲ ""အဲ့လိုမျိုးမပြောနဲ့ မကြိုက်ဘူးကွာ "
သူ့ကောင်လေးရဲ့ ရင်ခွင်ဟာ အနွေးထွေးဆုံးနေရာပါ ။ ဘာ ကိစ္စ ဘာအကြောင်းအရာမှမရှိရင် တနေ့လုံး တစ်ညလုံး မထဘဲတောင် နေလိုက်ချင်၏။ အခုတော့ တာဝန်ကျေ ရအုန်းမှာမို့ ဆေးရုံ duty ဆင်းပေးရအုန်းမည်။ သူ့လူနာတွေကလည်း သူသွားမှာ စိုးရိမ်နေကြတာမို့ မစိုးရိမ်ဘဲ နောက်ထပ်ရောက်မည့် ဆရာနဲ့သာ ဆက်ပြဖို့ ပြောနေရတာ အမော ။
📲Buzz တီကြီး
📞Hello တီကြီး
📞ငါ့သားတို့ ဘယ်နေ့ ရန်ကုန်ဆင်းလာမှာလဲ
📞သောကြာညနေ တီကြီး
📞ဘယ်နေ့သွားမှာလည်း
📞Sunday ညနေ flight နဲ့
📞အေးအေး သားကိုဖြိုး
လိုအပ်တာ အားမနာနဲ့ပြောနော်📞ဟုတ်တီကြီး
ဒီတပတ် Sunday သွားရတော့မှာမို့ တီကြီးနဲ့ဒယ်ဒီက အလှည့်ကျ ဖုန်းဆက်နေ၏။ ဦးငယ်ကလည်းဖုန်းဆက်ကာသူတို့နှစ်ယောက်ကို အားပေးစကားပြော၏။သူကတော့ ဒီယောက္ခမတွေ ဒီမိသားစုဟာသူ့အတွက်အကောင်းဆုံးပါပဲ။ ယော ကျာ်းကလည်း ဘာတော်သလဲမမေးနဲ့ luggage နှစ်လုံးပြင်ထားပြီး တစ်လုံးကို အဝတ်အစား ထည့်ထားပေတာ စည်ညီနေတော့သည်။ တစ်လုံးကတော့စားစာရာ အခြောက်အခြမ်းတွေ ဝယ်ထည့်ပေးပြီး သူကိုယ်တိုင် ဟင်းကြော်ထည့်ပေးဖို့လည်းပြင်ဆင်နေ၏။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်