Part 33 (Uni+Zawgyi)

1.5K 57 20
                                    

Uni

📩ပြင်ဦးလွင် တက်သွားတယ် ဖိုးသား
မနက်မှ ပြန်လာမယ်

ပြည့်ဖြိုး​မောင် ​သောကြာ​နေ့ ​ဆေးရုံ duty အ​စောပြီးတာမို့ ဖွားဖွားဆီသွားဖို့ ဆုံးဖြတ်လိုက် ၏။ ဖိုးသားက ည ၈နာရီ​လောက်မှ OT ပြီးမှာမို့ အိမ်မှာ တစ်​ယောက်ထဲပျင်းတာက တစ်​ကြောင်း ၊ ဖွားဖွားကို တိုင်ပင်ချင်တာက တစ်​ကြောင်း မစီးတာ ကြာပြီ ဖြစ်တဲ့ သူ့ကား​​လေးကို ​ဆီ​တွေ ၊ ​လေ​တွေစစ်ကာ ပြင်ဦးလွင်တက်သွားလိုက်၏။

"ဖွားဖွား !!!"

"လာ​မြေး​လေး
​မောင်သူရ​လေး​​ကော "

"Duty မပြီး​​သေးဘူး "

​"စောင့်​ခေါ်ခဲ့တာ မဟုတ်ဘူး
ပြီးရင် က​လေးက စိတ်ဆိုးအုန်းမယ် "

"ဖွားဖွားမောင်သူရက ည ၈နာရီ​လောက်မှ
duty ထွက်မှာ
သားက ဖွားဖွားကို တိုင်ပင်စရာရှိလို့
ဖိုးသားလည်း မသိ​စေချင်လို့ "

"ဟုတ်ပါပြီ ​မြေး​လေးရယ်
ဘာပူဆာ မလို့လဲ "

ဖွားဖွားဆိုတာ ငယ်ရာက ကြီးလာတာမို့ သူ့ ​မြေး​လေးဘာဖြစ်ချင်​နေတယ်ဆိုတာမေးစရာတောင်မလို ။ ​ရောက်ထဲက သူ့နား ကပ်ပြီး သူ့လက်​မောင်းကို ချိတ်ကာ ခြံထဲ လမ်း​လျှောက် ​ခေါ်သွား၏။ သနားစရာ သူ​မြေး​လေးက မိဘမရှိ​တော့တာမို့ သူကပဲ အ​ဖေ ၊သူက​ပဲ အ​မေ ဘဝနဲ့ အုပ်ချုပ်လာတာ ကြာပါပြီ။ လိမ္မာ တဲ့က​လေးမို့လည်း အငယ်ထဲကမျက်နှာမပျက်ရ။

"ဖွားဖွား "

​"ပြော​လေ ​မြေး​လေး
ဘာ​ကိစ္စမို့ ခက်ခဲ​နေတာလဲ "

"ဘာမှမဟုတ်ပါဘူး
ဖွားဖွား​သွေးကျ​ဆေး ​သောက်ပြီးပြီလား "

"ညအိပ်ယာ ဝင်မှ ​လေ ဆရာဝန်​လေးရဲ့ "

"သား​လေ ​မောင်သူရ နဲ့ အတူတူ​နေလို့ရလား
ဖွားဖွား စိတ်မပျက်သွားနဲ့အုန်း​နော် "

"ဘာများလည်းလို့သားရယ်
တက္ကသိုလ် တက်ထဲက အတူတူ​နေ​နေတာကို "

"မဟုတ်ဘူး​လေ
ကန်​တော့​နော်ဖွားဖွား
အိမ်​ထောင်ပြုသလို "

"ငါ့​မြေးသ​ဘော​လေ "

အခုမှပဲပြည့်ဖြိုး​မောင်ပြုံးနိုင်​တော့ သည်။ ​တော်​တော်ကြီး​ပြောယူရမယ်ထင်ထားတာ ။အခု​တော့ ဖွားဖွားက အားလုံးကြိုသိပြီးသားတဲ့ ။ သ​​ဘောတူလို့လည်း ​ကျောင်းတက်ထဲက လွှတ်ထားတယ်ဆိုတဲ့အ​ကြောင်းပါ ​ပြောပြ၏။ ဖွားဖွားက ​ရှေး လူကြီးဆို​ပေမယ့် အမြင်မကျဥ်းလို့​တော်​သေးသည်။ သူ​ပျော်ရင်ပြီးတာ ပဲလို့ ​ပြောပြီး သူ့ကို ပြုံးပြီးကြည့်​နေ၏။ သူ့မှာ အမျိုးဆိုလို့ ဖွားဖွားတစ်​ယောက်သာ ရှိ​တော့သည်။ ​ဆောင်း က ​အေးလာတာမို့ ဖွားဖွားကို အိမ်ထဲ ပြန်​ခေါ်လာခဲ့ပြီး မီးလင်းဖို နားထိုင်ခိုင်းကာ နှိပ်​​ပေးလိုက်၏။

Always by your side (Completed)Where stories live. Discover now