Uni
"ပြွတ်စ် !!!ထတော့ လေ သဲရယ်
အလုပ်သွားရမယ်လေဗျာ ""မသွားချင်ပါဘူး
အိပ်လို့ကောင်းနေတာကို ""ပြွတ်စ် !!!အိပ်ပုတ်လေးပါကွာ "
သာယာတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက် နိုင်ခဲ့ပါပြီ။ အခုဆို ကိုမောင်ကော ၊သူကော GAIH မန်းလေးမှာပဲ အလုပ်ပြန်ဝင်ပြီး ပါမောက္ခ ဌာနမှူးရာထူး နှစ်ယောက်လုံးတိုးခဲ့ပါသည်။ အားလုံးက သူတို့က မင်္ဂလာဆောင်ပြီးမှ ရာထူး တိုးတာဆိုတော့ လူဝင်တော်တယ်ပေါ့ ။ လူဝင်က အရမ်းတော်တာ လွန်ခဲ့တဲ့ ၁၅ နှစ်ထဲက ကိုမောင့်နန်းရှေ့အိမ်ကို ဝင်ခဲ့တာပါ ။ အခုတော့ သူ့ မိန်းမက သူ့ကို ဖက်အိပ်နေတာ လုံးဝမနိုးလို့မရပါ ။ ဒီနေ့ အလုပ်သွားဖို့ အစီအစဥ်ရှိသေးလား မေးရမည်။ တကယ့် ကိုမောင်ပါ ။သူက အစောထပြီး breakfast ကော ၊ဆေးရုံထမင်းချိုင့်ကော ready ပါ ။ ဘုရားမှာ ဆွမ်းတော်ပါ ကပ်ပြီးပါ ပြီ။ နွေဦးပေါက် ၃လ ပိုင်းဆိုတော့ မန်းလေးက နေလို့ကောင်းတာလည်း ပါမည်။
📲Buzz တီကြီး
"အမ် တီကြီးပဲ !!!"
📞Hello တီကြီး
📞ငါ့သားနိုးပြီလား
📞ဟုတ်သားနိုးနေပါပြီ
📞တီကြီး အလုပ်ခိုင်းစရာရှိလို့
📞ဟုတ် ရတယ် သားလုပ်ပေးမယ် လေ
တီကြီးက မန်းလေးစာလာစစ်ဖို့ကို နိုင်ငံခြား meeting နဲ့တိုးနေတာကြောင့် သူ့ကို အကူအညီလှမ်းတောင်း၏။
"ပြွတ်စ် !!!ဘာနိုးတာလဲ
တီကြီးနဲ့တိုင်မယ် ""အမယ်
ဘယ်သူလုပ်လို့ ညက အိပ်ရေးပျက်တာလဲပြော ""ယောကျာ်း ဘာလုပ်လို့လဲ "
"တော်ပြီချီ ရေချိုးခန်းထဲပို့ "
"ဟုတ် အပျင်းလေးပါကွာ "
"သောကြာနေ့လေ
စွမ်းအင်တွေကုန်နေပြီ "ရေချိုးပြီးယောကျာ်းထုတ်ပေးထားတဲ့ အဝတ်အ စားလဲကာဘုရားရှင်ခိုးဖို့ ဘုရားခန်းသွားရသည်။ ဆွမ်းတော်တောင်တင်ထားပြီးဖြစ်တဲ့သူကလေး လေးကို ချီးကျူးရင်းပေါ့ ။ ယောကျာ်းရမှဘာမှမလုပ်ရပါဘူးဆို တာသူတစ်ယောက် ထဲပေါ့ ။ အားလုံး မောင်ဖိုးသားလုပ်တာ ။ တခါတခါ မူးတောင် မူးရသည်။ဖိုးသားဆိုတာအလုပ်လုပ်ကောင်း လို့လေ ။အခုလည်းကြည့် အဝတ်အစားကအစ ထုတ်ပေးပြီး အခုဆို ထမင်းစားခန်းထဲမှာ မနက်စာ အဆင့်သင့်ပြင်ထားလောက်ပြီ။ သူလုပ်ရတာက တစ်ခုထဲ ဖိုးသားကို နို့တိုက်ရတာနဲ့ သူမူစကူဒူးတဲ့အခါ မမော မပန်းနေပေးရတာပါ ။ သူကလည်း သဘောကျပါ၏။ အဲ့ကိစ္စတော့ ဖိုးသားအဆင်သင့်ဖြစ်ရင်မငြီးမညူ နေပေးဖြစ် သည်။ ဖိုးသားလေး က အခုတော့ ၁ပတ်မှ တခါလောက်သာ နေတော့သည်။ တခါ နေပြီးရင်လည်း သူ့မှာ ဂျုံးဂျုံးကျ။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်