Uni
"ပင်ပန်းလာတာလား ကိုမောင် "
"အင်း "
"ကျနော် လာကြိုမယ်ဆိုတာကိုဗျာ"
"ဆေးရုံ က ကျောင်းလို မဟုတ်ဘူး ဖိုးသားရဲ့ duty နဲ့ဆိုတော့ "
ပြည့်ဖြိုးမောင် house surgeon ဘဝရောက်တာ ၁လ အတွင်းမှာ လူ ရုပ်နဲ့မတူအောင် ပင်ပန်းနေတော့သည်။အခုဆေးကုသဆောင်(medical ward) မှာ ၃လ ဆင်းရမှာ ပါ ။ နောက်တပတ်ဆို night duty တပတ်ပါ။ထုံးစံအတိုင်းအရမ်း အလုပ်များတဲ့ ward မို့ ဖင်တောင်မထိုင်ရပါ ။
"ကိုမောင် ရေချိုးပြီးရင် ထမင်းစားရအောင် "
"အင်းပါ
နောက်တပတ် night duty ""အမ်
Fighting ကိုမောင်
ကျနော် အကြို အပို့ လုပ်ပေးမယ်
နောက် ဘယ်တော့မှ စက်ဘီးနဲ့ မသွားရဘူး ""ဖိုးသားကို အားနာလို့ "
"အားနာစရာလား ဗျ
ကျနော်တို့က တစိမ်းလား"သူရလည်းမဆူချင်တော့တာမို့ ကိုမောင့်ကို ချော့ပြောနေရ၏။ ဒီနေ့ကိုမောင် ပင်ပန်းလာတာမို့သူ့အကြိုက် လ္ဘက်ထမင်း သုပ် ကျွေး လိုက်၏။ ဟင်းကတော့ ကိုမောင့်အတွက် ငါးဖယ်ကြော်ရယ် ၊ သူ့အတွက် ဝက်အူချောင်းကြော်ရယ် သွားဝယ်ထားတာပါ ။
"စားကောင်းတယ် "
"ဟုတ်များများစား
မနက် ဘယ်အချိန်လည်း ""ward round တာ မတိုင်ခင် ၇နာရီထိုးသွားရမှာ "
"အိုကေ
ကျနော် လိုက်ပို့မယ်
ထမင်းချိုင့်ကို နေ့လည် ကျနော်လာပို့မယ် ""ကျေးဇူး
သူရhouseဆင်းရင်လည်းကိုမောင့်တာဝန်ထား
အဲ့အချိန် ဆို ကိုမောင်က လစာတောင်ရနေပြီ "ပြည့်ဖြိုးမောင် တွေးရင်းတောင်ပျော်သွားတော့ ၏။သူကိုက stress များတာပါ ။ သူရသာ house ဆင်းရင် ပေါ့ပေါ့ပါးပါးနေအုန်းမှာပါ။သူကတော့ အရင်က အဲ့လောက် မပျော့ပါဘူး။ ဖိုးသားနဲ့နေပြီးတော့မှ အစစအရာရာ ဖိုးသား က ဦးဆောင်တာမို့ ဘာကိစ္စ မဆို ဖိုးသားကို အား ကိုးလာ၏။
KAMU SEDANG MEMBACA
Always by your side (Completed)
Romansaတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်