Part 1 (Uni+Zawgyi)

8.1K 221 18
                                    

Uni

""22.7.2000 ဆယ်တန်း​အောင်စာရင်းထွက်​သော​​နေ့ ""

ဦးလင်းထင် တစ်​ယောက် တစ်ညလုံး မအိပ်ရ​သေးသလို ရင်ထဲက အပူမီးကို မငြိမ်းနိုင်ပါဘူး ။ မိဘ ပီပီ သားသမီးကို အရမ်း​မျှော်လင့်ထားခဲ့မိတာပါ။ မိတဆိုး​လေးမို အလိုလိုက်ထားခဲ့တဲ့သား​လေးက ​ခေါင်းအရမ်းမာ၏။ အ​ပြောတမျိုး အလုပ်တမျိုးလည်း လုပ်တတ်​သေးသည်။ အရွှဲ့တိုက်တာကလည်းဘယ်သူမှမမှီပါ။တစ်ဦးတည်း​သောသားလည်းဖြစ်ပြန် သူ့အ​မေကလည်း သား​လေး ၃နှစ်သား​လောက်မှာ ဆုံးသွားတာမို့ ပိုး​မွေးသလို ​မွေးထားရတာပါ ။ ဥာဏ်အရမ်း​ကောင်း​ပေမယ့် သူလုပ်ချင်တာ လုပ်တတ်တဲ့ သူတစ်​ယောက်ပါ ။ အခုလည်း အ​ဖေဖြစ်သူက ​တစ်ညလုံး မအိပ်ဘဲ ​အောင်စာရင်း​စောင့်​နေတာ သူက​တော့ အအိပ်မပျက်ပါ ။ သူကြိုက်တဲ့ ကာတွန်းကားအ​ခွေ​ကြည့်ပြီး အိပ်​နေတာများ စာ​မေးပွဲ ​ဖြေထားတဲ့ဆယ်တန်း ​ကျောင်းသားတစ်​ယောက်နဲ့လားလားမဆိုင်ပါ ။

📞ကလင်....ကလင်

📞Hello

📞ဆရာ ဦးလင်းထင်လားရှင့်

📞ဟုတ်ကဲ့ပါ ဗျ

📞ကျမက ပညာ့အိမ် ​ဘော်ဒါက ပါ
​မောင်သူရလင်းထင် ဘာသာစုံဂုဏ်ထူးထွက်ပါတယ်

📞ဗျာ.....

📞မြန်မာတစ်နိုင်ငံလုံး တတိယပါ
မန္တ​လေးတိုင်း​တော့ ပထမပါ

​📞ကျေးဇူးပါ ဆရာမကြီး

မနက် ​၅နာရီထိုးကြီး သား​လေးတက်တဲ့ပြင်ဦးလွင်​​ဘော်ဒါက ဆရာမကြီး ဖုန်းလှမ်းဆက်တာ​ကြောင့် ထခုန်မိမတတ်​ပျော်မိ​တော့သည်။ မိဘ နှစ်ပါးလုံးကဆရာဝန်ဖြစ်ပြီးသား​လေးကိုလည်း ဆရာဝန်ဖြစ်​စေချင်တာသူ့ဆန္ဒပါ ။ မိတဆိုးဂျစ် ကန်ကန်​လေးမို့ ၈တန်းထဲက ပြင်ဦးလွင် ​​ဘော်ဒါ ပို့လိုက်တာပါ ။ သူကလည်း အလုပ်တဖက်နဲ့မို့ သားကို မထိမ်းနိုင်တာ​ကြောင့်ပါ ။

"သား​ရေ!! သား​လေး!!! ​မောင်သူရ !!!"

'ဘာလဲ ဒယ်ဒီ ကလည်း အ​စောကြီးရှိ​သေးတယ် "

"ထအုန်း ငါ့သား ဘာသာစုံဂုဏ်ထူးပါတယ် "

"Top 1လား ဒယ်ဒီ "

Always by your side (Completed)Tempat cerita menjadi hidup. Temukan sekarang